တောင်ငူ ဇူလိုင် ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နတ်သျှင်နောင်အစည်းအဝေးခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့၊ နေ့လယ်(၂)နာရီအချိန်က ကျင်းပခဲ့သည့်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က " ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ခရီးစဥ်တွင် လမ်းညွှန်မှာကြားချက်များ၊ (၇၆)နှစ် အာဇာနည်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား တိုင်ဝက်လွှင့်တင်ထားရန်၊ စိုက်ပျိုးရေးကဏ္ဍတွင် အထွက်နှုန်းတိုးတက်ရန်၊ ဗီယက်နမ်မြေပဲမျိုးကို အလေးထားစိုက်ပျိုးရန်၊ စပါးစိုက်ပျိုးသည့်ရာသီအချိန်တွင် လယ်ယာမြေများကို ချန်လှပ်ထား၍ မရကြောင်း၊ ချန်လှပ်ထားသည့် လယ်ယာမြေများကို သေသေချာချာကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများ လုပ်ငန်းဆောင်ရွက်ချက်နှင့် ပတ်သက်ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်´´ စသည်တို့ကို ဆွေးနွေးပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးကျော်ဝင်းက တောင်ငူမြို့သန့်ရှင်းသာယာလှပရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဆောင်ရွက်မည့် ဆုံးဖြတ်ချက် (၄၁)ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးကြသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့ကြောင်းနှင့် အဆိုပါအစည်းအဝေးသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူ ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်ကိုကို (ပြန်/ ဆက်)