သတင်းများ

မိုင်းယန်းမြို့၌ “လူငယ်ရေးရာ” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ
Jul 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် စာရိတ္တကောင်းမွန်စေရန် ရည်ရွယ်၍ “လူငယ်ရေးရာ” အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်များပြသခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ဈေးတန်းရပ်ကွက်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
တာလေမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲကျင်းပ
Jul 20,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယနေ့ နေ့လယ် ၁ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး စာအုပ်ပြပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်စာရိတ္တ Talk Show ကျင်းပ
Jul 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက လူငယ်နှင့်စာရိတ္တ Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
မောက်မယ်မြို့နယ်၌ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးလှုပ်ရှားမှုများဆောင်ရွက်
Jul 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ “ကျောင်းသား/ကျောင်းသူကျန်းမာဖို့ ကျန်းမာရေး အဆင့်မြင့်ကျောင်းများထူထောင်စို့” ဆောင်ပုဒ်နှင့်အညီ ကျောင်းသား/ ကျောင်းသူ များအား ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရေးအရှိန် အဟုန်မြှင့်တင်၍
ဂန့်ဂေါမြို့၌ “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” အသိပညာပေးဟောပြောပွဲ ပြုလုပ်
Jul 20,2023
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြောက်ကုန်းရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း အစည်းအဝေးခန်းမတွင် ဇူလိုင် ၁၈ ရက် နံနက်ပိုင်းက “ပလတ်စတစ်ညစ်ညမ်းမှုတိုက်ဖျက်ဖို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်စို့” အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
တပ်ကုန်းမြို့၌  ကန်စွန်းစိုက်သူများ အခင်းအောင်မြင်ဖြစ်ထွန်း၍ နေ့စဉ်ဝင်ငွေရရှိ
Jul 20,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ဘုရင့်နောင်ရပ်ကွက်(ပိန်း တော)နေ ပြည်သူများ အိမ်ဝိုင်းခြံမြေနှင့်ယာမြေများတွင် စိုက်ပျိုးရေးလုပ်ငန်းများ အဓိကထား လုပ်ကိုင်လျက်ရှိအပြင် နေ့စဉ်ဝင်ငွေရရှိသော ဆူးပုတ်၊ ချဉ်ပေါင်၊ ပင်စိမ်း၊ ကင်ပွန်းချဉ်၊ သခွားနှင့် ကန်စွန်း  စသည့်ကုန်စိမ်းသီးနှံများအနက် ကန်စွန်းစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း၍ နေ့စဉ် ဝင်ငွေရရှိကြောင်း စိုက်ပျိုးထားသူထံမှ သိရသည်။
ကွန်ဟိန်းမြို့၌ (၇၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် Talk Show ကျင်းပ
Jul 20,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက (၇၆)နှစ် မြောက် အာဇာနည်နေ့အထိမ်းအမှတ်  အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ ကြောင်း သိရသည်။
နောင်တရားမြို့၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး အဘိတ်ဆေးခပ်ခြင်းဆောင်ရွက်
Jul 20,2023
မိုးရာသီကာလတွင် ဖြစ်ပွားလေ့ရှိသော သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် အခြားကူးစက်တတ်သောရောဂါများ မဖြစ်ပွားစေရန် ရည်ရွယ်၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နောင်တရားမြို့ အမှတ်(၁)ရပ်ကွက် အတွင်းရှိ ‌ဘော်ဒါ‌ဆောင်များ၌ ရေတွင်းရေကန်များ အဘိတ်ဆေးခပ်ခြင်းကို ဌာနဆိုင်ရာအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက် ပိုင်းတွင်ဆောင်ရွက်သည်။