ကွန်ဟန်းမြို့၌ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် ခြိုးခြံချွေတာရေး အသိပညာပေး နံရံကပ်စာစောင်ပြသပေး

ကွန်ဟိန်း ဇူလိုင် ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့ မြေစိုက်နံရံကပ်ပြဘုတ်၌ ယနေ့နံနက် ၁၁ နာရီခန့်က ပြည်သူများအနေဖြင့် လျှပ်စစ်အန္တယ်ရာယ်ကင်းရှင်းပြီး လျှပ်စစ်ဓာတ်အားကို ခြိုးခြံချွေတာ သုံးစွဲတတ်စေရန်အတွက် လျှပ်စစ်အန္တရာယ် ကင်းရှင်းရေးနှင့် ခြိုးခြံချွေတာရေး အသိပညာပေးနံရံကပ် စာစောင်ပြသခဲ့ကြောင်း သိရသည်။

အဆိုပါ နံရံကပ်စာစောင်တွင် လျှပ်စစ်ဓာတ်အားကို လေလွှင့်မှုဖြစ်စေသည့်အကြောင်းအရာများနှင့် လေလွှင့်မှုမဖြစ်စေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ လျှပ်စစ်ဓါတ်အား အသုံးပြုရာတွင် အန္တရာယ်ဖြစ်ပေါ်စေနိုင်သည့်အကြောင်းအရာများနှင့် အန္တာရာယ်မဖြစ်ပေါ်စေရန် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ အန္တရာယ်ကျရောက်လာပါက အရေးပေါ်ပြုလုပ်ရမည့် အချက်များကို ကာတွန်းရုပ်ပုံများနှင့်အတူ စိတ်ဝင်စားဖွယ်ပြသထားကြောင်း သိရသည်။

မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတတိုးပွားစေရန်အတွက် ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်၌ ပြည်သူများသိရှိသင့်သည့် အကြောင်းအရာ များနှင့် ဗဟုသုတရရှိစေမည့်အကြောင်းအရာများကို လစဉ်ပုံမှန်ပြောင်းလဲ ပြသပေးလျက်ရှိကြောင်း သိရသည်။

ခွန်ရဲထွေး