မြစ်သား ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့ပေါ်ရှိ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက် ကိုကိုသန်း စေတနာရေချမ်းစင်(၃၀)စင်ကို နေ့စဥ်မပျက်နံနက်(၇)နာရီအချိန်က စတင်၍ စက်ဘီးတွင် ရေပုံးများကို ချိတ်ကာ လိုက်လံရေဖြည့်ပေးလျက်ရှိကြောင်းသိရသည်။
မြစ်သားမြို့ပေါ်ရှိ လမ်းဘေးဝဲယာများတွင် ကိုကိုသန်း စေတနာရေချမ်းစင်များကို နွေအခါမှာတော့ နံနက်ပိုင်းနှင့် ညနေပိုင်းတစ်နေ့(၂) ကြိမ်ရေဖြည့်ပေးလျက်ရှိရာ ဆောင်းရာသီနှင့် မိုးရာသီများတွင်တစ်နေ့(၁)ကြိမ်သာရေဖြည့်ပေးလျက်ရှိကြောင်း၊ကိုကိုသန်း ရေလှူဖြစ်ခြင်း၏ ရည်ရွယ်ချက်မှာ နွေရာသီတစ်နေ့မှာတော့ ခရီးအပြန်လမ်း တစ်လျှောက်တွင်ရေအလွန်သောက်ချင်နေသဖြင့် ရေချမ်း စင်ကလည်းမရှိ ရေတောင်းသောက်ဖို့ကလည်း သိပ်မလွယ် ရေသောက်ချင်တဲ့ စိတ်ကနေ ရေလှူချင် တဲ့စိတ်တွေပေါ် ပေါက်လာ၍ မြစ်သားမြို့ရောက်တာနဲ့ ရေချမ်းစင်တည်ဖို့ဆုံးဖြတ်ကာ မိမိကိုယ်တိုင် ရေထမ်းလောင်းမယ်ဆိုပြီး ရေကုသိုလ်နှင့်ပတ်သက်လာလျှင်သူရဲ့ ကိုယ်ပိုင်လုပ်ငန်း မလုပ်ရရင်နေပါ စေ၊ ရေကုသိုလ်ကိုတော့ နေ့စဥ်မဖြစ်မနေဆောင်ရွက်မည်ဟု စိတ်ဆုံးဖြတ်ချက်ချခဲ့ကြောင်း ယခုဆို ကိုကိုသန်း နေ့စဥ် ရေဖြည့်လာသည့် သက်တမ်းတစ်လျှောက်မှာ နှစ်ပေါင်း (၄၀)ကျော်ခဲ့ပြီးဖြစ်ရာ ကိုကိုသန်းရဲ့ရေချမ်းစင်ကိုရေချမ်းစင်အလှူရှင်၊ရေအိုးအလှူရှင်၊စတီးသောက်ရေခွက်၊သောက်ရေအိုး ဖုံးစတီးပန်းကန်ပြား၊ ရေပုံးအလှူရှင်များ စသည့်တို့ကို ကိုကိုသန်းလိုအပ်သည့်အရာများကို အလှူရှင်များကလည်း အမြဲတမ်းလှူပေးလျက်ရှိကြောင်းရေချမ်းစင် (၃၀)စင်ကို နေ့စဥ်ရေဖြည့်ပေးနေသော ရေအလှူကုသိုလ် ရှင် ကိုကိုသန်းထံမှ သိရသည်။
ဝင်းမင်းထွန်း