သတင်းများ

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 28,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၃ ခုနှစ် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်
Jul 28,2023
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဘိုကလေးမြို့နယ်မှ မိန်းမလှကျွန်း၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ်ကြိုးဝိုင်းတို့နှင့် ဆက်စပ်ရာ ဒီရေတော ဒေသများ၌ မိချောင်းအန္တရာယ်ရှိနေ
Jul 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မိန်းမလှကျွန်းတောရိုင်းတိရိစ္ဆာန် ဘေးမဲ့တော၊ ကဒုံကနိကြိုးဝိုင်း၊ ပျဉ်ဒရယ် ကြိုးဝိုင်းတို့နှင့် ဆက်စပ်ရာ သဘာဝဒီရေတောများသည် ရေချိုရေငံစပ်မိချောင်းများ မျိုးပွားခိုလှုံရာ ဒေသတစ်ခုဖြစ်ပြီး ယခုအချိန်ကာလသည် မိချောင်း များ၏ အသိုက်ပြုလုပ်သော ကာလဖြစ်သောကြောင့် မိချောင်းအန္တရာယ်ကို သတိထားရန် လိုအပ်လှပေ သည်။
လောက်ကိုင်မြို့၊တုံချိန်လေးမျက်နာဘုရားရှိ မဟာအတုလစည်တော်ကြီးတည်ဆောက်ပြီးစီး၍ ရေစက်ချမင်္ဂလာအခမ်းအနားကျင်းပ
Jul 28,2023
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ တုံချိန်လေး မျက်နာဘုရားရှိ မဟာအတုလစည်တော်ကြီး တည်ဆောက်ပြီးစီး၍ ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန့်နေ့နံနက် ၉နာရီ မိနစ် ၃၀အချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
နမ့်ခမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်အတွက် မိုးစပါးလျာထား ဧက ၁၂၂၈၆ စိုက်ပျိုးပြီးစီး
Jul 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်အတွက် မိုးစပါးလျာထားဧက ၁၂၂၈၆ စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ကျေးရွာများသို့ ကွင်းဆင်းအသိပညာပေး
Jul 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီက ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး အတွက် ကျေးရွာများသို့ ကွင်းဆင်းအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လယ်ပိုင်း က ဖောင်ရိုးဆိပ်ကျေးရွာ၊ အောင်ဇမ္ဗူပြည်လုံးချမ်းသာ ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်နှင့် တံတားဦးမြို့နယ်များအတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးအဘိုး၊အဘွားများအတွက် လူမှုရေးပင်စင်ထောက်ပံ့ငွေများ ပေးအပ်
Jul 28,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ အသက်(၈၅)နှစ်အထက်  အသက်ကြီးအဘိုး၊ အဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်လျက်ရှိရာ  ယမန်နေ့ မွန်လွဲ(၃)နာရီက ကျောက်ဆည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သန်းစိုးနှင့် တာဝန်ရှိသူများသည် စဉ့်ကိုင်မြို့နယ်နှင့် တံတားဦးမြို့နယ်အတွင်းရှိ အဘိုး၊အဘွားများအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်နိုင်ရေး သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနများမှ တာဝန်ရှိသူများအား လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြောက်ဦးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်းပညာသင်တန်း (၄/၂၀၂၃) သင်တန်းဆင်းပွဲကျင်းပ
Jul 28,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သင်ကြားပို့ချသော ပေါင်မုန့်၊ ကိတ်မုန့်အမျိုးမျိုး ထုတ်လုပ်မှုနည်း ပညာသင်တန်း (၄/၂၀၂၃) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးဟောင်း)တွင် ကျင်းပခဲ့ကြောင်း သိရသည်။