သတင်းများ

ကွန်ပျူတာ တက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ပိတ်ပွဲ အခမ်းအနားနှင့်ဆုပေးပွဲကျင်းပ
Jul 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပြည်သူ့အားကစားပြိုင်ကွင်း၌ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၏ ၂၀၂၃ ခုနှစ်၊ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ ပိတ်ပွဲအခမ်းအနားနှင့်ဆုပေးပွဲကို ယမန်နေ့ ညနေ ၅ နာရီက အဆိုပါနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဇမ္ဗူသီရိမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် (Biometric) အချက်အလက်စာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
Jul 29,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူးဦးထင်လတ်နှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့်ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အောင်ဇမ္ဗူရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြသည်။
လယ်ဝေးမြို့နယ်ရှိ ရပ်ကွက်/ ကျေးရွာမျာမှ ပြည်သူ ၄၄၁ ဦးအား ဇီဝဆိုင်ရာအချက်အလက်များ ကောက်ယူပြီးစီး
Jul 29,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ ပြည်သူများအား ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက် ရှိသည်။
သီပေါမြို့နယ်တွင်ကျား၊မအခြေပြုအကြမ်းဖက်မှု၊အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေးနှင့် အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ် ဆောင်ရွက်
Jul 29,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက်(၁၀)နာရီက မြိုနယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကျား၊မ အခြေပြုအကြမ်းဖက်မှု(Gender)၊အမျိုးသမီးများအားနည်းမျိုးစုံဖြင့်ခွဲခြားမှုပပျောက်ရေး (CEDAW)နှင့် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး(NSPAW)ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများပူးပေါင်းဆောင်ရွက်
Jul 29,2023
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့၌ ပညာပါရမီဘုန်းတော်ကြီးကျောင်းတွင် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးနှင့် ကျောင်းသန့်ရှင်းသာယာလှပရေးအတွက်  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာဝန်ထမ်းများစုပေါင်း သန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့်သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ယနေ့ နံနက် (၇)နာရီက ပူးပေါင်း ဆောင်ရွက်ခဲ့ကြသည်။
တောင်ငူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များ ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း အလှူတော်မင်္ဂလာအခမ်းအနားကျင်းပ
Jul 29,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၂၀) ရပ်ကွက်၊ လောကုတ္တရာစကား ဘုန်းတော်ကြီး ကျောင်း၌တောင်ငူခရိုင်နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းမိသားစုဝင်များ က ဝါဆိုသင်္ကန်းနှင့် နေ့ဆွမ်းဆက်ကပ်ခြင်း အလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာ၌ ရွှေခရုကြိုတင် ကာကွယ်နှိမ်နင်းရေး အသိပညာပေး ဆွေးနွေးပွဲ ပြုလုပ်
Jul 29,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ဖျန်ရေကျော်ကျေးရွာ၌ ရွှေခရုကြိုတင်ကာကွယ်နှိမ်နှင်းရေး အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက  အ-ထ-က (ခွဲ) -ဖျန်ရေကျော် ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒုတိယဗိုလ်ချုပ်ကြီးလူအေး အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ)၊ မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်အားပေးချီးမြှင့်
Jul 29,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ အစိုးရနည်းပညာကောလိပ်(ကျောက်ဖြူ) မိုးရာသီ မေဂျာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက အစိုးရရပ်ကွက်ရှိ မြို့မ အားကစားဘောလုံးကွင်းကြီး၌ ကျင်းပပြုလုပ်ရာ ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ တက်ရောက်အားပေးချီးမြှင့်သည်။