သတင်းများ

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ကာကွယ်ဆေးအကြိမ်ပြည့်မထိုးနှံရ‌သေးသည့်     ကလေးငယ်များအား  Mobile စနစ်ဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်း ဆောင်ရွက်
Jul 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာဦးစီးဌာနမှ မြို့နယ်အတွင်းရှိ  အသက်တစ်နှစ်မှ အသက်ငါးနှစ်အောက် ကလေးငယ်များတွင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသည့် ကလေးငယ်များ၊ ကာကွယ်ဆေးတစ်ကြိမ်တစ်ခါမျှ မထိုးနှံရသေးသည့် ကလေးငယ်များနှင့်  ကျန်းမာ‌ရေးစောင့်ရှောက်မှုလုပ်ငန်းများအား  ယနေ့နံနက် ၉ နာရီ အချိန်မှစတင်၍ (၂၉)ရပ်ကွက်၊ မောင်းမကန်လမ်းနှင့် ဆလုံဒူးဝါးလမ်းတွင် Mobile စနစ်ဖြင့်  မြို့နယ်ပြည်သူ့ကျန်းမာ‌ရေးဦးစီးဌာနမှ ဝန်ထမ်းများကကွင်းဆင်းဆောင် ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ၂၀၂၃ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေကျပ် ၁၀၇၈ သိန်း ထုတ်ချေးပေး
Jul 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၃ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
တိုက်ကြီးမြို့နယ်တွင် မိုးသက်လေပြင်းများတိုက်ခတ်မှုကြောင့် သစ်ပင်များလဲပြိုမှုဖြစ်ပွား      
Jul 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း ယမန်နေ့ မွန်းလွဲပိုင်းက မိုးသက်လေပြင်းများ  တိုက်ခတ်မှုကြောင့် သစ်ပင်များလဲပြိုမှု ဖြစ်ပွားကြောင်းသိရသည်။
သထုံမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ၌ ဝါဆိုသင်္ကန်းများ လိုက်လံဆက်ကပ်လှူဒါန်း
Jul 28,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်း ဝါဆိုဝါကပ်တော်မူကြမည့် သံဃာတော်များ စိတ်အေးချမ်းသာစွာ သီတင်းသုံးနေထိုင်ရေးအတွက် ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်းခြင်းနှင့် ကျောင်းတိုက်ဝန်းကျင် စုပေါင်းသန့်ရှင်းခြင်းလုပ်ငန်းများကို ယနေ့နံနက်က  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်  ကျောက်တိုက်အသီးသီးတို့၌ လိုက်လံဆောင်ရွက်ခဲ့ကြသည်။
ငွေဆောင်မြို့တွင် ဌာနဆိုင်ရာများ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကျင်းပ
Jul 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ မဟာပုညာရာမကျောင်းတိုက်တွင် ယမန်နေ့ ညနေ(၄)နာရီက မြို့ဌာနဆိုင်ရာများ စုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ အခမဲ့ငှားရမ်း‌ပေးခြင်း ဆောင်ရွက်
Jul 28,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်‌ပေးခြင်းကို ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး မှော်ဘီ ကောက်ညှင်းမွှေး(FS-RS) မျိုးစေ့ထုတ်စတင်စိုက်ပျိုး
Jul 28,2023
"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်၊ နောင်မိုကျေးရွာရှိ ကွင်းအမှတ် (၄)၊ဦးပိုင်(၉၃) တောင်သူ ဉီးဆန်အိုက် လယ်မြေတစ်ဧကတွင် ယနေ့နံနက်ပိုင်းက ၂၀၂၃-၂၀၂၄ ခုနှစ် မိုးစပါး မှော်ဘီ ကောက်ညှင်းမွှေး(FS-RS)မျိုးစေ့ထုတ်စတင်စိုက်ပျိုးခဲ့သည်။
ရေကြည်မြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၁)လုံးသစ်ပင်ပိ၍ ပြိုကျပျက်စီး
Jul 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်တွင် ယမန်နေ့ ညနေ (၃)နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဗထူးရပ်ကွက်အတွင်းရှိ နေအိမ် (၁)လုံးသစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့ကြောင်း သိရသည်။