သတင်းများ

ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်း ဖွဲ့စည်းခြင်းအခမ်းအနား ကျင်းပ
Jul 28,2023
ဇမ္ဗူသီရိမြို့နယ် စာရေးဆရာအသင်း ဖွဲ့စည်းခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဇမ္ဗူသီရိမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
သီပေါမြို့နယ်တွင် စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေး ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ကွင်းဆင်းစစ်ဆေး
Jul 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရန် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကျန်းမာရေးဌာန စသည့်ဌာနများမှ တာဝန်ရှိသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယနေ့နံနက်(၁၀)နာရီက မြို့နယ်အတွင်းရှိ ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန် မြိတ်ခရိုင်ရှိ စက်ရုံလုပ်ငန်းခွင်များအား သွားရောက်စစ်ဆေး၊ အလုပ်သမားရေးရာဥပ‌ဒေ အသိပညာပေးဆွေးနွေးပွဲတက်ရောက်
Jul 28,2023
အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် တနင်္သာရီတိုင်းဒေသကြီး၊ လူမှုရေးရာဝန်ကြီးဦးသန့်ဇင်၊ အလုပ်ရုံနှင့်အလုပ်သမား ဥပဒေစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင်ကိုကို၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင်(၂၇)ရက် နံနက်ပိုင်းက မြိတ်ခရိုင်ရှိ စက်ရုံများအား ဘေးအန္တရာယ်ကင်းရှင်းပြီး ဥပဒေပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှုရှိစေရန် လုပ်ငန်းခွင်များအား သွားရောက်စစ်ဆေးခဲ့ကြပြီး အလုပ်သမားရေးရာ ဥပဒေအသိပညာပေးဆွေးနွေးပွဲ တက်ရောက်ခဲ့သည်။
တန့်ယန်းမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်း
Jul 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၏ ဘုရားအနေကဇာတင်နှင့် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီက သုံးထပ်ကျောင်းဆောင်ဘုရားခန်း၌ ကျင်းပသည်။
တန့်ယန်းမြို့နယ်တွင် ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့် သင်တန်းဖွင့်လှစ်
Jul 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းမှ ကြီးမှူးဖွင့်လှစ်သည့် ရှေးဦးပြုစုခြင်း(အခြေခံ)အဆင့်သင်တန်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ်(၁)ရပ်ကွက်ရှိ လှဧကရီခန်းမ၌ ကျင်းပသည်။
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပုသိမ်မြို့ပေါ်ရပ်ကွက်များရှိ ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီများ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်း
Jul 28,2023
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်နှင့် ဆီများအား ပုသိမ်မြို့နယ်အတွင်း ရပ်ကွက်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆက်ကပ်လှူဒါန်း ခြင်းကို ယနေ့ နံနက်ပိုင်းက ပုသိမ်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ပုသိမ်မြို့နယ် စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကိုယ်တိုင်သွားရောက်လှူဒါန်း ဆက်ကပ်ခဲ့ ကြကြောင်း သိရသည်။
ပျဉ်းမနားမြို့နယ်၌ မွေးကင်းစမှ အသက် တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ ကာကွယ်ဆေးများ ထိုးနှံတိုက်‌ကျွေး
Jul 28,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်တွင် မွေးကင်းစမှ အသက်တစ်နှစ်ခွဲအရွယ် ကလေးငယ်များအား ပုံမှန်တိုးချဲ့ကာကွယ်ဆေးများ တိုက်‌ကျွေးထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက လဲလူးအိုင်ကျေးရွာ ကျေးလက်ကျန်းမာရေးဆေးခန်း၌ ကာကွယ်‌ဆေး တိုက်ကျွေးထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ရုရှားပညာရှင်(၃)ဦး ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာ ဥစားမွေးမြူရေးကြက်ခြံသို့ ကြည့်ရှုလေ့လာ
Jul 28,2023
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် ရှရှားနိုင်ငံတို့ ပူးပေါင်းပြီး သဘာဝမြေဩဇာ ထုတ်လုပ်နိုင်ရေး ရုရှားနိုင်ငံမှ ပညာရှင်(၃)ဦးသည် သဘာဝမြေဩဇာထုတ်လုပ်နိုင်ရေး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့ နေ့လည်(၁၂)နာရီက ကျောက်ဆည်မြို့နယ် တောတွင်ကျေးရွာ မန္တလေး မွေးမြူရေးဖွံ့ဖြိုးတိုးတက်မှုကုမ္ပဏီ ပိုင်ဆိုင်သည့် ဥစားကြက်မွေးမြူရေးခြံသို့ ကြည်ရှုလေ့လာခဲ့ရာ မန္တလေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်စော၊ ကျောက်ဆည်ခရိုင် အထွထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးဦးငွေဒိုး၊ ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးဝင်းမြင့်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်မင်း၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်မြတ်စုအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ကြိုဆိုခဲ့ပြီး ရုရှားပညာရှင်များသိရှိလိုသည့် အကြောင်းအရာများကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။