လောက်ကိုင် ၂၈
ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ တုံချိန်လေး မျက်နာဘုရားရှိ မဟာအတုလစည်တော်ကြီး တည်ဆောက်ပြီးစီး၍ ရေစက်ချမင်္ဂလာအခမ်းအနားကို ယမန့်နေ့နံနက် ၉နာရီ မိနစ် ၃၀အချိန်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ တက်ရောက်လာသောအကြီးအကဲများက ဦးစွာရှိခိုးကန်တော့ကြပြီး ဆရာတော် သံဃာတော်ကြီးများ ဟောကြားသော တရားတော်များကိုနာယူ၍ ရေစက်ချကုသိုလ်ပြုခဲ့ကြသည်။ ထို့နောက် ဒေသအတွင်တည်ငြိမ်အေးချမ်းစေရန်၊ ပြည်သူများချမ်းသာသုခနှင့် ဘေးကင်းစေရန်အတွက် အသစ်ဆောက်လုပ်ပြီးစီးသော မဟာအတုလစည်တော်ကြီးကို တီးခတ်ခဲ့ကြသည်။
အခမ်းအနားသို့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ကျော်ကျော်ဦး၊ အတွင်းရေးမှူး ဦးမိုးဇော်လတ်၊ ယာယီဒုတိယရဲမှူးကြီး ညွန့်လွင်ဦး၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ အထောက်အကူပြုရုံး ရုံးအဖွဲ့မှူး ဦးရင်မာစန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မိသားစုဝင်များ အခမ်းအနားကို တက်ရောက်ခဲ့ကြောင်း သိရသည်။
ချန်ထွန်းအောင်