သတင်းများ

ဝါတွင်းကာလ ဝါဆိုဝါကပ်ကြမည့် ဆရာတော်သံဃာတော်များ စိတ်အေးချမ်းစွာဖြင့် သီတင်းသုံးနိုင်ရန် သာစည်မြို့ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်
Jul 28,2023
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဝါတွင်းကာလ ဝါဆိုဝါကပ်ကြမည့် ဆရာတော် သံဃာတော်များ စိတ်အေးချမ်းစွာဖြင့် သီတင်းသုံးနိုင်ရန် ယမန်နေ့ မွန်းလွဲ ၃ နာရီက သာစည်မြို့ အမှတ် (၆)ရပ်ကွက် ရေလည်ကျောင်းတိုက်နှင့် သာယာကုန်းကျောင်းတိုက်တို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်၌ ယခုနှစ် မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေ့အထိ  ဧကပေါင်း ၁၈၀၀၀ ကျော် စိုက်ပျိုးပြီးစီး
Jul 28,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ စိုက်ပျိုးရာသီတွင် မိုးစပါးကို ဧကပေါင်း ၄၀၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ပြီး ယနေအထိ ဧကပေါင်း ၁၈၀၀၀ ကျော် စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးနာမှ သိရသည်။
နတ်မောက်မြို့နယ်တွင် တစ်ဧက စပါးတင်း (၁၀၀)ထွက်ရှိရေး စံပြကွက်များ ဆောင်ရွက်သွားမည်
Jul 28,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပ/လက်ခုပ်ပင်ကျေးရွာအုပ်စုနှင့် ဂွေးချိုကျေးရွာအုပ်စုတို့၌ မိုးစပါးတစ်ဧက တင်း ၁၀၀ ထွက်ရှိရေးအတွက် ကွင်းဆင်းအသိပညာပေးခြင်းလုပ်ငန်းနှင့် မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိထံက သိရသည်။
ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ
Jul 28,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ကျိုက်လတ် ဖောင်ရိုးဆိပ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jul 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဖောင်ရိုးဆိပ်ကျေးရွာအုပ်စု၊‌ အောင်ဇမ္ဗူ ပြည်လုံးချမ်းသာ စေတီတော် ဓမ္မာရုံတွင် ယမန်နေ့ နံနက်(၁၀)နာရီခန့်က လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ် အဆင့်ဌာန ဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဖောင်ရိုးဆိပ်၊ အထက်ဆင်ကူး၊ အရှေ့ဆင်ကူး၊ အောက်ဆင်ကူး၊ ဝါးကောက် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းနိုင်ရေးအတွက် ဘွဲ့တံဆိပ်တော် စိစစ်ရွေးချယ်ရေးကော်မတီ အတည်ပြုအစည်းအဝေးတက်ရောက်
Jul 28,2023
နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ် အပ်နှင်းနိုင်ရေးအတွက် ဘွဲ့တံဆိပ်တော် စိစစ်ရွေးချယ်ရေးကော်မတီ အတည်ပြုအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဘိုကလေးမြို့နယ်တွင် လှေဖြင့်ပိုက်ဆွဲသွားသူ မိချောင်းဆွဲခံရ
Jul 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သရော်ချောင်း‌ကျေးရွာအုပ်စု၊ ဘောဂဝတီကျေးရွာနေ ရေလုပ်ငန်းလုပ်ကိုင်သူ ကိုရဲနိုင် (၃၅)နှစ်သည် ယမန်နေ့ နံနက်ပိုင်း၌ ယမန်နေ့က ဘောဂဝတီချောင်းအတွင်း ထောင်ထားသော ပိုက်များ ပြန်လည်ဖော်ရန်နှင့် ပိုက်ဆွဲရန် လှေဖြင့် သွားရောက်ခဲ့ရာ ဘောဂဝတီမြစ်အတွင်း၌ မိချောင်းဆွဲခံခဲ့ရကြောင်း သိရသည်။
မိုးညိုမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်‌ရေး လုပ်ငန်းများစု‌ပေါင်းဆောင်ရွက်
Jul 28,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှု၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရှိ ဇောတိကရပ်ကွက်အတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။