နေပြည်တော် ဇူလိုင် ၂၈
နေပြည်တော်ကောင်စီမှကြီးမှူးကျင်းပမည့် ၂၀၂၄ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ရရှိကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင် ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ် အပ်နှင်းနိုင်ရေးအတွက် ဘွဲ့တံဆိပ်တော် စိစစ်ရွေးချယ်ရေးကော်မတီ အတည်ပြုအစည်းအဝေးကို ယမန်နေ့ ညနေ ၄ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ရှေးဦးစွာ ဘွဲ့တံဆိပ်တော် စိစစ်ရွေးချယ်ရေးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပ်နှင်းနိုင်ရေးအတွက် ဘွဲ့တံဆိပ်တော် စိစစ်ရွေးချယ်ရေး ကော်မတီဝင်များက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ဘွဲ့တံဆိပ်တော် စိစစ်ရွေးချယ်ရေးကော်မတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များက သက်ဆိုင်ရာကဏ္ဍများအလိုက် တာဝန်ယူဆောင်ရွက် သွားမည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု များအား ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)