သတင်းများ

ကြည့်မြင်တိုင်မြို့နယ်၌ မြို့နယ်သမဝါယမအသင်းစု လီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကျင်းပ
Jul 28,2023
ရန်ကုန်တိုင်းဒေသကြီး အလုံခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်တွင် ၂၀၂၂- ၂၀၂၃ ဘဏ္ဍာရေးနှစ် မြို့နယ်သမဝါယမအသင်းစုလီမိတက်၏ အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သာဓုပရိယတ္တိစာသင်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မင်းလှမြို့တွင် စားအုန်းဆီများပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး
Jul 28,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် သာယာဝတီခရိုင်၊ မင်းလှမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍အခြေခံလူတန်းစားပြည်သူများအတွက် အခြေခံစားသောက်ကုန်များကို ပြင်ပပေါက်ဈေးထက်သက်သာသော ဈေးနှုန်းများဖြင့် မြို့မဈေးရှေ့၌ နေ့စဉ်ရောင်းချပေးလျက်ရှိသည်။
ကြည့်မြင်တိုင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Jul 28,2023
လူငယ်များအသိပညာဗဟုသုတများနှင့်ပြည့်စုံပြီး၊ ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်နှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီ က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ မြဧရာခန်းမ၌ ကျင်းပသည်။
သံဖြူဇရပ်မြို့နယ်၊ ကြာကန်ရပ်ကွက်၌ အခြေခံစားသောက်ကုန်စည်များအား သက်သာသောစျေးနှုန်းဖြင့်ရောင်းချပေး
Jul 28,2023
မွန်ပြည်နယ်အစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ကုန်စျေးနှုန်းတည်ငြိမ်ရေးနှင့်ပြည်သူများစျေးနှုန်း သက်သာစွာဖြင့်ဝယ်ယူနိုင်ရေးအတွက် မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် အခြေခံစားသောက်ကုန်စည်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက သံဖြူဇရပ်မြို့နယ်၊ ကြာကန်ရပ်ကွက်၌ ရောင်းချပေးလျက်ရှိသည်။
တောင်ငူမြို့ ၊ အထက (၆)၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်
Jul 28,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း၌ တောင်ငူခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉)နာရီအချိန်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်ခဲ့သည်။
ယင်းမာပင်မြို့တွင် စာရေးဆရာမ ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ် စာဖတ်ဝိုင်းကျင်းပ
Jul 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် ပူးပေါင်း၍ ဇူလိုင် ၂၅ရက်နေ့နံနက် ၁၀ နာရီအချိန်က စာရေးဆရာမ ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်စာဖတ်ဝိုင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် ဇီဝဆိုင်ရာအချက်အလက်များ(၁၆၆၅)ဦး ကောက်ယူပြီးစီး
Jul 28,2023
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကွမ်းခြံကုန်းမြို့နယ်ရုံးမှ  မြို့နယ်ဦးစီးမှူးဦးကျော်သူနှင့်ဝန်ထမ်းများက ဇီဝဆိုင်ရာအချက်အလက်(Biometric Data)ကောက်ယူခြင်းလုပ်ငန်းများကို ဇွန်လ(၂၆)ရက်နေ့မှစ၍ ယနေ့အထိ   မြို့နယ်ထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်ကျေးရွာအုပ်စု၊ နားနုံးကျေးရွာ၌ ချင်းတွင်းမြစ်ကမ်းပါးပြိုနေမှုအား ကွင်းဆင်းစစ်ဆေး
Jul 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ခေါင်ခမ်ကျေးရွာအုပ်စု၊ နားနုံးကျေးရွာ၌ ချင်းတွင်း မြစ်ကမ်းပါးပြိုနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင် ဗိုလ်မှူး သိန်းလင်းထွန်း၊ မြို့နယ်ရေမြစ်ဖြိုးဦးစီးဌာန EE ဦးသန်းမောင်၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးဝင်းမင်းထွန်းနှင့် ဝန်ထမ်းများ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဆိုင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဇူလိုင် (၂၇)ရက်နေ့က ကွင်းဆင်းကြည့်ရှု ဆေးစစ်ခဲ့ ကြကြောင်း သိရသည်။