သတင်းများ

ဒုတိယဗိုလ်ချုပ်ကြီးလူအေးနှင့် တာဝန်ရှိသူများ သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအား ကြည့်ရှုအားပေး၊ ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိစာသင်တိုက်မှ ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးများအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်း
Jul 28,2023
ဒုတိယဗိုလ်ချုပ်ကြီး လူအေးနှင့် တာဝန်ရှိသူများသည် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ကျောက်ဖြူမြို့ သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေး ပြုလုပ်နေမှုအား သွားရောက်ကြည့်ရှုအားပေးပြီး ကျောက်တစ်လုံး၊ မဟာဗောဓိတပ်ဦးကျောင်း၊ ပရိယတ္တိ စာသင်တိုက်မှ ဆရာတော်အား ဖူးမြော်ကြည်ညို၍ ဆရာတော်ကြီးများကို နေ့ဆွမ်း  ဆက်ကပ်လှူဒါန်းသည်။
ပေါင်းတည်၌ ဆန်၊ ဆီ၊ သားငါး၊ ကြက်ဥနှင့်ဟင်းသီးဟင်းရွက်များ စျေးနှုန်းသက်သာစွာဖြင့် ဆက်လက်ရောင်းချ
Jul 28,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူစည်ကားရာ ဘုရားကြီးလမ်း၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှု၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုတို့ဖြင့် ယနေ့နံနက်ပိုင်းက ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများ၏ အခြေခံစားသုံးကုန်များကို သက်သာသောစျေးနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးခဲ့ကြောင်း သိရသည်။
နွေစပါးဈေးနှုန်းကောင်းမွန်သည့်အတွက် စပါးစိုက်တောင်သူများ အကျိုးအမြတ်ပိုမိုရရှိ
Jul 28,2023
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၌ ဒေသခံတောင်သူများစိုက်ပျိုးထားသည့် နွေစပါးသီးနှံများအောင်မြင်ဖြစ်ထွန်းပြီး ရိတ်သိမ်းရောင်းချချိန်တွင် ဈေးကောင်းရရှိသဖြင့် အကျိုးအမြတ်ပိုမိုရရှိကြောင်းနှင့် ယခုနှစ်နွေစပါးသီးနှံမှာ သတ်မှတ်လျာထားဧကထက်ကျော်လွန်စိုက်ပျိုးထားနိုင်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။
မိုးညိုမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေးပေး
Jul 28,2023
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ကျေးရွာအုပ်စုများအလိုက် မေလ(၁၈)ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ယမန်နေ့က ရပ်ကွက်နှင့်‌ ကျေးရွာအုပ်စု(၄)အုပ်စုအား မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ဆက်လက်ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီးအတွင်း စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃) ကျင်းပပြုလုပ်
Jul 28,2023
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ဇူလိုင်လ(၂၆)ရက်နေ့၊နံနက်ပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၂/၂၀၂၃) ကျင်းပပြုလုပ်သည်။
ပေါင်မြို့နယ် စပါး‌ခေါင်နှံယူစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲပြုလုပ်ကျင်းပ
Jul 28,2023
မွန်ပြည်နယ်၊ ပေါင်မြို့နယ် စပါးခေါင်နှံယူစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ ပြုလုပ်ကျင်းပခြင်းကို ယမန်နေ့နံနက်ပိုင်းက ဖြူဘကျေးရွာ တောင်သူဦးအုန်းလှိုင်၏ လယ်မြေကွင်းအမှတ် ( ၇၇၂ )ဦး ပိုင် (၂၉/၁)၌ ပြုလုပ်ခဲ့ကြသည်။
အမ်းမြို့နယ် လူထုအခြေပြုဗဟိုဌာန  (Community Centre)၌  စာဖတ်ဝိုင်း ကျင်းပ
Jul 28,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Commmunity Centre)ခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းနှင့် ဝန်ထမ်းများက စာပေမြတ်နိုးသူ Book Clubအသင်းဝင် လူငယ်များ ပူးပေါင်း၍ ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀)၊အမှတ် (၁၃)၊ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်မှ ဆောင်ပါးရှင် မောင်မောင်မြင့်သိန်း ရေးသားသည့် လူငယ်များသိသင့်သော အပြုအမူများ ဆောင်းပါးဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်(၉) နာရီချိန်က ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာခရိုင်နှင့် မြို့နယ်ဦးစီးမှူးရုံးများရှိ ဝန်ထမ်းအိမ်ယာအတွင်း ဆောင်ရွက်ထားသော တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုများအား လာရောက်လေ့လာ
Jul 28,2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်မှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ ဦးဆောင်သော အဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မုံရွာခရိုင်နှင့် မုံရွာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနသို့ ရောက်ရှိပြီး အဆိုပါရုံးများတွင် တောင်သူနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။