ကျိုက်မရော ဇူလိုင် ၂၈
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက် ၇ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ဘုရားကြီးကျောင်းတိုက်ဆရာတော် ဦးဝါရိန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကာ ဆရာတော်သံဃာတော်များက ပရိတ်တရားတော်များရွတ်ဖတ်ပူဇော်၍ ဝါဆိုဝါကပ်ကြမည့် ဝါဆိုသံဃာများအား သင်္ကန်းနှင့်လှူဖွယ်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့နောက်ပင့်ဖိတ်ထားသော ဆရာတော်သံဃာတော်များအား နံနက်ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)