မိုးညိုမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်‌ရေး လုပ်ငန်းများစု‌ပေါင်းဆောင်ရွက်

မိုးညို ဇူလိုင် ၂၈

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှု၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ဦးဆောင်မှုဖြင့် သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းများကို အပတ်စဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရှိ ဇောတိကရပ်ကွက်အတွင်း စုပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ကျန်းမာ‌ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအသင်း၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များစု‌ပေါင်း၍ မိုးညိုမြို့၊‌ ဇောတိကရပ်ကွက်အတွင်း နေအိမ်များရှိ ရေတွင်း၊ ရေကန်၊ ကျောက်စည်ပိုင်း၊ ရေအိုးအစရှိသည်တို့တွင် ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် အဘိတ်ဆေးများခပ်ခြင်း၊ ရပ်ကွက်နေပြည်သူများအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး(ဖုံး၊ သွန်၊ လဲ၊ စစ်)အသိပညာပေးခြင်းလုပ်ငန်းများကို လမ်းအလိုက်အဖွဲ့များခွဲ၍ တစ်အိမ်ဝင်တစ်အိမ်ထွက်ဆောင်ရွက်ခဲ့သည်။

အဆိုပါ သွေးလွန်တုပ်ကွေး‌ရောဂါကြိုတင်ကာကွယ်ရေးအတွက် အဘိတ်ဆေးခတ်ခြင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို မြို့ပေါ်ရပ်ကွက်များတွင်‌ ဆောင်ရွက်‌နေသလို ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျန်းမာရေးဌာနမှ တာဝန်ရှိသူများက ကျေးရွာနေပြည်သူများ၏ဝိုင်းဝန်းကူညီမှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုမင်း(ပြန်/ဆက်)