သတင်းများ

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်(၄)ဓါတ်ခွဲ (၈)လ သင်တန်းဖွင့်ပွဲနှင့်“WORLD HEPATITIS DAY” အထိမ်းအမှတ် အခမ်းအနား တက်ရောက်
Jul 27,2023
မွန်ပြည်နယ်၊ မော်လမြိုင်တွင် (၆၂)ကြိမ်မြောက် ဆေးဘက်ကျွမ်းကျင်(၄)ဓါတ်ခွဲ (၈)လ သင်တန်းဖွင့်ပွဲနှင့်“WORLD HEPATITIS DAY” အထိမ်းအမှတ် အခမ်းအနားကို ဇူလိုင် ၂၆ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ 
ကြယ်လိပ်သားပေါက်ရာသီပြီးဆုံးချိန် ကြယ်လိပ်သားပေါက် ၂၁၄၀ ကောင်ပေါက်ဖွားရှင်သန်ခဲ့
Jul 27,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် ပုဂံမြို့ရှိသစ်တောဦးစီးဌာန၊ လောကနန္ဒာဘေးမဲ့တောဉယျာဉ်တွင် မြန်မာ့ကြယ်လိပ်များအား ခြံလှောင်မွေးမြူထားရှိကြောင်း သိရ သည်။ ရည်ရွယ်ချက်မှာ မြန်မာတစ်နိုင်ငံထဲသာရှိသည့် ဌာနေဖွားမျိုး စိတ်ဖြစ်ပြီး နေရင်းဒေသ များတွင်မျိုးသုဉ်းရ န်အလွန်နီးကပ်နေခြင်းကြောင့် မျိုးဆက်မပျက်သုဉ်းရေးအတွက် မွေးမြူ၍ ပေါက်ဖွားလာစေရန်၊ တိုးပွားလာသောသားပေါက်များကို ၄င်းတို့နေရင်းဒေသများသို့ ပြန်လွှတ်ပေးရန်၊ ကြယ်လိပ်ဝါသနာရှင်များ၊ ကြယ်လိပ်ပညာရှင် များသုတေသနပြုနိုင်ရန်နှင့် အများ ပြည်သူများ အနီးကပ်လေ့လာကြည့်ရှုနိုင်စေရန်တို့အတွက်ဖြစ်ကြောင်း လောကနန္ဒာဘေးမဲ့ တောဉယျာဉ်အုပ်ချုပ်ရေးမှူး ဒေါ်လေးလေးခိုင် ထံက သိရသည်။
ဒဂုံတက္ကသိုလ်၌ ဥပဒေပညာရပ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပ
Jul 27,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်းမြို့နယ်) မြို့နယ်ဒဂုံတက္ကသိုလ်တွင် ဥပဒေပညာရပ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကို ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီတွင်ကျင်းပခဲ့သည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ ပြဿဒ်ကြီးဘုရား တည်ဆောက်ထားမှု ဗိသုကာပညာရပ် ကျွမ်းကျင်မှုကို လေ့လာနိုင်
Jul 27,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ အေဒီ ၁၃ ရာစု အစောပိုင်း ကတည်ထားခဲ့သည့် ပြဿဒ်ကြီးဘုရား တည်ဆောက်ထားသည့် ဗိသုကာပ ညာရပ်ကျွမ်းကျင်မှုများကို လေ့လာနိုင်ကြောင်း သိရသည်။
ငဖဲမြို့နယ် တောင်ပေါ်ဒေသ၌ တောင်ယာစပါး (၅၅၃) ဧကစိုက်ပျိုးပြီးစီး
Jul 27,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် တောင်ပေါ်ဒေသကျေးရွာများ၌ ၂၀၂၃-၂၀၂၄ ခုနှစ် တောင်ယာမိုးစပါး ၅၅၃ ဧကစိုက်ပျိုး ပြီးစီးပြီး စပါးခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနရုံးမှ သိရသည်။
မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ ကောက်စိုက်စက် တွဲဖက်သုံး(10 Rows) Seeder မျိုးစေ့ချကိရိယာဖြင့် စပါးမျိုးစေ့များကို အစေ့ချ စိုက်ပျိုးခြင်း သရုပ်ပြပွဲသို့တက်ရောက်
Jul 27,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ စိုက်ပျိုးနည်းစနစ်မှန်ကန်စွာ စနစ်ကျစိုက်ပျိုးနိုင်စေရန်နှင့် သွင်းအားစု စိုက်ပျိုးရေးစရိတ် ကုန်ကျမှုသက်သာစေရန်ရည်ရွယ်၍ ပွင့်ဖြူမြို့နယ် အမှတ်(၄၆) စက်မှုလယ်ယာဦးစီးဌာနမှကြီးမှူးကာ ကောက်စိုက်စက် တွဲဖက်သုံး (10 Rows)Seeder မျိုးစေ့ချကိရိယာဖြင့် စပါးမျိုးစေ့များကို အစေ့ချစိုက်ပျိုးခြင်း သရုပ်ပြပွဲကို ဇူလိုင်လ ၂၅ ရက်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ကံသာကြီး ကျေးရွာ ကွင်းအမှတ်(၉၁၀)တောင်သူ ဦးကြည်ဝင်း၏ မိုးစပါးစိုက်လယ်မြေ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဖိတ်ကြားထားသော ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
လောက်ကိုင်မြို့၊ အမှတ်( ၂ ) အခြေခံပညာအထက်တန်းကျောင်း၌ (၃)ထပ် RCC စာသင်ဆောင် (အသစ်) ဆောက်လုပ်ရန်အတွက် ပန္နက်တော်ရိုက်ခြင်းမင်္ဂလာ အခမ်းအနားကျင်းပ
Jul 27,2023
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၃)ထပ် RCC စာသင်ဆောင်(အသစ်) ဆောက်လုပ်ရန်အတွက် ပန္နက်တော် ရိုက်ခြင်း မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၈) နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သရက်မြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 27,2023
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန  ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။