ကျိုက်လတ် ဖောင်ရိုးဆိပ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ရှိသူများ ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ကျိုက်လတ် ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ဖောင်ရိုးဆိပ်ကျေးရွာအုပ်စု၊‌ အောင်ဇမ္ဗူ ပြည်လုံးချမ်းသာ စေတီတော် ဓမ္မာရုံတွင် ယမန်နေ့ နံနက်(၁၀)နာရီခန့်က လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ် အဆင့်ဌာန ဆိုင်ရာများ ပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဖောင်ရိုးဆိပ်၊ အထက်ဆင်ကူး၊ အရှေ့ဆင်ကူး၊ အောက်ဆင်ကူး၊ ဝါးကောက် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကျင်းပခဲ့သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲမင်း၊ အဖွဲ့ဝင်(၂) ဦးစိန်မြင့်၊ အဖွဲ့ဝင်(၃) ဦးထွန်းဆွေ၊ အတွင်းရေးမှူး ရဲမှူး စိန်လွင်အောင်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများက တရားဥပဒေစိုးမိုးရေး၊ မြန်မာနိုင်ငံသမိုင်းကြောင်းအား မှန်ကန်စွာ လေ့လာစေရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းတက်ရောက်ရေး၊ အလယ်တန်း၊ အထက်တန်း သင်ယူပြီးမြောက်ရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ လူကုန်ကူးမှုပပျောက်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင် ကာကွယ်ရေး၊ စာသင်ကျောင်းများ မီးဘေးအန္တရာယ်လုံခြုံရေး၊ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုစာရင်း ၆၆/၆ ပြုလုပ်နိုင်ရေး၊ ကတ်ပြား(၅)မျိုးအကြောင်း ရှင်းလင်းပြောကြားခြင်း၊ မြန်မာနိုင်ငံသားဖြစ်လျှင် ကတ်ပြား(၁) မျိုးကိုင်ဆောင်ရမည် ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှု လျော့နည်းစေရေးအတွက် ကြိုတင်ကာကွယ်နိုင်ရေး၊ သွေးလွန်တုပ်ကွေးရောဂါအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ခြင်ပေါက်ပွားသည့်နေရာများအား ရှင်းလင်းစေရေး၊ ကျေးရွာအုပ်စု ပြည်သူ့ လုံခြုံရေးကြီးကြပ်အဖွဲ့ ပူးပေါင်း၍ လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေး၊ ယာဥ်အန္တရာယ်ကင်းရှင်းရေး၊ မော်တော်ဆိုင်ကယ် စီးနင်းပါက ဆိုင်ကယ်စီး ဦးထုပ်ဆောင်းရေး၊ သတ်မှတ်မိုင်နှုန်းအတိုင်း မောင်းနှင်ရေး၊ လမ်းပေါ်စပါးမလှန်းရေး၊ အလှူခံများ လမ်းနှင့် လွတ်အောင်ယာဥ် အန္တရာယ်မဖြစ်စေဘဲ အလှူခံရေး၊ ဆောင်းသီးနှံနေကြာ ပြည့်မီစွာ စိုက်ပျိုးရေး၊ စနေနေ့တိုင်း ကျေးရွာစုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ်ကာကွယ် ဆောင်ရွက်ရန်၊ ထင်း၊ မီးသွေး တရားလွန်ထုတ်ယူ သုံးစွဲမှုမရှိရေး၊ ထင်းမီးသွေးအစားထိုး စပါးခွံ လောင်စာတောင့် စက်ရုံတည်ဆောက်သုံးစွဲရေး၊ နိုင်ငံ့စီးပွားမြင့်တင်ရေး ရန်ပုံငွေဖြင့် သွင်းအားစု ထုတ်ယူရေးနွေစပါးအကြောင်း ရှင်းလင်းခြင်း၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းကိစ္စရပ်များ ရှင်းလင်းဆွေးနွေးကြပြီး ဒေသခံပြည်သူများ သိလိုသည်များ မေးမြန်းခဲ့ရာ သက်ဆိုင်ရာဌာနများမှ ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျိုက်လတ်(ပြန်/ဆက်)