ဝါတွင်းကာလ ဝါဆိုဝါကပ်ကြမည့် ဆရာတော်သံဃာတော်များ စိတ်အေးချမ်းစွာဖြင့် သီတင်းသုံးနိုင်ရန် သာစည်မြို့ဘုန်းတော်ကြီးကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

သာစည် ဇူလိုင် ၂၈

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ဝါတွင်းကာလ ဝါဆိုဝါကပ်ကြမည့် ဆရာတော် သံဃာတော်များ စိတ်အေးချမ်းစွာဖြင့် သီတင်းသုံးနိုင်ရန် ယမန်နေ့ မွန်းလွဲ ၃ နာရီက သာစည်မြို့ အမှတ် (၆)ရပ်ကွက် ရေလည်ကျောင်းတိုက်နှင့် သာယာကုန်းကျောင်းတိုက်တို့၌ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များက အဆိုပါ ကျောင်းတိုက်ဆရာတော်ကြီးများထံ အအေးဗူးများ ဆပ်ကပ်လှူဒါန်းကြပြီး ကျောင်းဝန်းများအတွင်း၌ စုပေါင်းသန့်ရှင်းရေးကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမင်းသီဟအောင်နှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား ၁၀၀ ဦးတို့ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)