လှည်းကူးမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါအရှိန်အဟုန်မြှင့် ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

လှည်းကူး ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သော သွေးလွန်တုပ်ကွေးရောဂါ အရှိန်အဟုန်မြှင့်ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးက အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသောင်းဒန်ဦးက သွေးလွန်တုပ်ကွေးရောဂါနှင့်ပတ်သတ်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက်အစည်းအဝေးသို့ တက်ရောက်လာသူများက မိမိတို့သိရှိလိုသည်များကို ဆွေးနွေးတင်ပြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသောင်းဒန်ဦးတို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တပ်ရင်းတပ်ဖွဲ့များသို့ အဘိတ်ဆေးများပေးအပ်ခဲ့သည်။

အစည်းအဝေးသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိပုဂ္ဂိလ်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အေးအေးနွဲ့(လှည်းကူး)