မြစ်သားမြို့နယ်တွင် မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ပြီး ဝါကောက်ယူနေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မြစ်သား ဇူလိုင် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင်  ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးကြိုဝါစိုက်ပျိုးခြင်းဖြင့် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌စေရန်နှင့် အသင်းသား‌တောင်သူတစ်ဦးချင်း ဝင်‌ငွေတိုးပွား‌စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ်ပိုင်‌ငွေနှင့် မြို့နယ်သမဝါယမအသင်းစုပိုင်ငွေတို့ဖြင့် စိုက်ပျိုးထားသည့် မြိုင်ကုန်း‌ကျေးရွာရှိ မြိုင်ကုန်းလယ်ယာနှင့်အထွေထွေစီးပွားရေးလုပ်ငန်းသမဝါယမအသင်းမှ အသင်းသားတောင်သူ ဦးကျော်ခိုင်ဦး၊ အသင်းသားတောင်သူ ဦးထွန်းငွေနှင့် အသင်းသားတောင်သူ ဦးရွှေမန်းတို့ စိုက်ပျိုးထားသည့် Rakka 999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများ‌ အောင်မြင်ဖြစ်ထွန်းပြီး ဝါကောက်ယူနေမှုများကို ယမန်နေ့ နံနက်ပိုင်းအချိန်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ကြည့်ရှုစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး သည်မြိုင်ကုန်းလယ်ယာနှင့် အထွေထွေစီးပွား‌ရေးလုပ် ငန်းသမဝါယမအသင်းက အသင်းသားတောင်သူ ဦးကျော်ခိုင်ဦး၏ကွင်းအမှတ်( ၅၃၄/င)၊ ဦးပိုင်အမှတ် (၂၈/၁) ရှိ စိုက်ဧက (၃.၀) ဧက၊ အသင်းသားတောင်သူ ဦးထွန်းငွေ၏ ကွင်းအမှတ် (၅၃၄/င)၊ ဦးပိုင်အမှတ် (၁၃)ရှိ စိုက်ဧက (.၀) ဧကနှင့် အသင်းသားတောင်သူ ဦးရွှေမန်း၏ ကွင်းအမှတ် (၅၃၄/င)၊ ဦးပိုင်အမှတ် (၂၃/၁)ရှိ စိုက်ဧက (၁၅.၀)ဧကတို့တွင်  Rakka-999 ခါးဇက်မျိုး မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး ဝါကောက်ယူနေသည်များကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ မိုးကြိုဝါစိုက်ပျိုး‌သော တောင်သူဦးကြီးများအား ခေတ်မှီစိုက်ပျိုးနည်းစနစ်များကို စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ လေ့လာကျင့်သုံး စိုက်ပျိုးထုတ်လုပ်ရန်လိုအပ်‌ကြောင်း၊ ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် စိုက်ပျိုးမြေများကိုပြုပြင်ပြီး မျိုးကောင်း၊ မျိုးသန့်များ စိုက်ပျိုးပေးရန်လိုအပ်ကြောင်း ရေရရှိ‌ရေးနှင့်နည်းပညာရယူနိုင်ရေးကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မိုးကြိုဝါစိုက်ပျိုးသည့် အသင်းသားတောင်သူများက သိရှိလိုသည်များကို မေးမြန်းခဲ့ရာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ဆောင်ရွက်‌ပေးခဲ့‌ကြောင်း သိရသည်။

မိုးကြိုဝါစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း‌ပြီး ဝါကောက်ယူနေမှုများ ကြည့်ရှုစစ်ဆေးရာသို့ မ‌န္တလေးတိုင်း‌ဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦး၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ တာဝန်ရှိသူများနှင့် ဒေသခံအသင်းသားတောင်သူများ ကြည့်ရှု့စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ဝါဝါမြင့်(မြစ်သား)