သတင်းများ

ဟင်္သာတခရိုင် လူထုအခြေပြုဗဟိုဌာနခန်းမတွင် မြန်မာ့သနပ်ခါးအကြောင်း သိကောင်းစရာဟောပြောပွဲကျင်းပ
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲက မြန်မာ့ သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့် မြန်မာ့ရိုးရာအမွေအနှစ်ဆင်ယင်ထုံးဖွဲ့မှု ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု​အမွေအနှစ်တစ်ခုအဖြစ်ထင်ရှားလာအောင် ပြည်သူများအားလုံး ပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အသိပညာပေး ဟောပြောပွဲအခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
သာပေါင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် တစ်အိမ်တက်ဆင်း စစ်ဆေးဆောင်ရွက်
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအတွက် ယနေ့မွန်းလွဲ ၁ နာရီအချိန်က သာပေါင်းမြို့နယ်အတွင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီး၏ (၅၉၂) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနား ကျင်းပ
Mar 04,2025
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ စေတနာသဒ္ဓါတရားထက်သန်စွာ လှူဒါန်းထားကြသော ငွေကျပ်တစ်သိန်းနှင့်အထက် အလှူရှင်များအား ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က (၅၉၂) ကြိမ်မြောက် ထုတိအနုမောဒနာချီးကျူးဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲနှင့် လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွှဲ ၁ နာရီတွင် ရွှေတိဂုံစေတီတော်ရင်ပြင်တောင်ဘက်မုခ်ရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွားတော်များ တန်ဆောင်း၌ ကျင်းပသည်။
ပုသိမ်မြို့တွင် မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့အား ထိန်းသိမ်းစောင့်ရှောက်သောအားဖြင့် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကျင်းပ
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ် စုပေါင်းရုံးခန်းမတွင် မြန်မာ့သနပ်ခါးကို အမြတ်တနိုးတန်ဖိုးထားလိမ်းခြင်းဖြင့်  မြန်မာ့ရိုးရာ အမွေအနှစ်ဆင်ယင်ထုံးဖွဲ့ ဓလေ့စရိုက်များထဲတွင် မြန်မာ့သနပ်ခါးယဉ်ကျးမှုဓလေ့ကို ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ထင်ရှားလာအောင် ပြည်သူအားလုံးပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပခဲ့ကြောင်းသိရသည်။
ကဝမြို့နယ်တွင် ဘက်စုံသုံးဆပ်ပြာဆီ ထုတ်လုပ်နည်းသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေး
Mar 04,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းစီစဉ်ဖွင့်လှစ်သည့် ဘက်စုံသုံးဆပ်ပြာဆီထုတ်လုပ်နည်းသင်တန်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မြောင်းမြမြို့တွင် မြန်မာ့သနပ်ခါးအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများပြုလုပ်
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် မြန်မာ့သနပ်ခါးအကြောင်း အသိပညာပေးဟောပြောပွဲနှင့် ပြပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ကဏ္ဍစုံအသိပညာပေး ဟောပြောပွဲကျင်းပ
Mar 04,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက်(၁၁)နာရီခွဲ အချိန်၌ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများက ကဏ္ဍစုံ အသိပညာပေး ဟောပြောပွဲများ ကျင်းပဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဒိုက်ဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-9 နှင့် Grade _5 နှစ်ဆုံးစာမေးပွဲများ စတင်ဖြေဆို
Mar 04,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-9 နှင့် Grade _5 နှစ်ဆုံးစာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီကစတင်ဖြေဆိုသည်။