ပန်းဘဲတန်းမြို့နယ် တိုးတက်အောင်ဆောက်လုပ်ရေးနှင့် အထွေထွေစီးပွါးရေးလုပ်ငန်း သမဝါယမအသင်းလီမိတက် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ

ပန်းဘဲတန်း ဇူလိုင် ၂၀

ရန်ကုန်တိုင်းဒေသကြီး ပန်းဘဲတန်းမြို့နယ် တိုးတက်အောင်ဆောက်လုပ်ရေးနှင့်အထွေထွေစီးပွားရေးလုပ်ငန်း သမဝယမအသင်းလီမိတက်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ဇူလိုင်လ ၁၈ ရက်နေ့ နေ့လယ်ပိုင်းက ပန်းဘဲတန်းမြို့နယ် သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုခဲ့သည်။ 

အဆိုပါအခမ်းအနားကို အသင်းဥက္ကဋ္ဌ ဦးတင်မောင်နီမှ သဘာပတိအဖြစ် ဆောင်ရွက်ပြီး အသင်းများဖွံ့ဖြိုး တိုးတက်စေရန်များကို ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်၍ အသင်း၏အမှုဆောင်ဒါရိုက်တာအဖွဲ့အစီရင်ခံစာ၊ အသင်းစာရင်းစစ် အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးနှစ်ရှင်းတမ်းများကို ဒါရိုက်တာအဖွဲ့ဝင် ဦးမောင်မောင်ထက်ဝင်းမှ ဖတ်ကြားတင်သွင်းပြီး အသင်းသားတစ်ဦးဖြစ်သူ ဒေါ်သန္တာမှ ထောက်ခံအဆိုပြု၍ အသင်းသားများမှ သဘောတူအတည်ပြုခဲ့ကြပါသည်။ ထိုနောက် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးဘုန်းမြင့်လှိုင်မှ သမဝယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့် အသင်းများ ဖွံ့ဖြိုးတိုးတက်စေရန်လုပ်ဆောင်ရမည့်အချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသောအသင်းသားများအား အစုပေါ်အမြတ်များ ခွဲဝေပေးခဲ့ကြောင်း သိရပါသည်။

ဖြူဖြူဝင်း(ပြန်/ဆက်)