ငပုတော ဇူလိုင် ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မြေစာရင်းဦးစီးဌာန မြို့နယ်မြေစာရင်းဦးစီးဌာန ဝန်ထမ်းမိသားစုများ၏ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားနှင့် မြေစာရင်း (အငြိမ်းစား) ဝန်ထမ်းပင်စင်စားများအား ဂါဝရပြုကန်တော့ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်မြေစာရင်းဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားပထမပိုင်းအစီအစဉ်အရ ကြွရောက်လာကြသာ ဆရာတော်အရှင်သူမြတ်တို့ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး လှူဖွယ်ဝတ္ထုအစုစုတို့အား မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းဇင်နိုင်နှင့်ဝန်ထမ်းများက ဆရာတော်အရှင်သူမြတ်တို့ထံ ဆက်ကပ်လှူဒါန်းကြပြီး ပရိတ်တရားနာယူကြည်ညိုကာ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေးပြီး အရုဏ်ဆွမ်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ မြေစာရင်း (အငြိမ်းစား) ဝန်ထမ်းပင်စင်စားများအား ဂါဝရပြုကန်တော့ခြင်းအခမ်းအနား ကျင်းပလုပ်ရာ မြေစာရင်းဦးစီးဌာန ဦးစီးအရာရှိ ဦးမင်းဇင်နိုင်နှင့်ဝန်ထမ်းများ တက်ရောက်ကာ မြို့နယ်မြေစာရင်းဦးစီးအရာရှိက အဖွင့်အမှာစကားပြောကြားပြီး ကန်တော့ခံမြေစာရင်း (အငြိမ်းစား) ဝန်ထမ်းပင်စင်စားများအား ပူဇော်ကန်တော့ခြင်းနှင့် ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။ ထို့နောက် မြေစာရင်း (အငြိမ်းစား) ဝန်ထမ်းပင်စင်စားများက ဩဝါဒစကား ပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။
အောင်သူ(ပြန်/ဆက်)