ကျောက်ဆည် ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် စာပေကဏ္ဍမြင့်မားတိုးတက်ရေး ယနေ့နံနက် (၁၀) နာရီက စာပေကဏ္ဍမြင့်မားတိုးတက်ရေး မြို့နယ်စာရေးဆရာအသင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဂုဏ်ထူးဆောင်နာယက စာရေးဆရာ မိုး (ကျောက်ဆည်) က သင်းကြီးဂုဏ်ရှိဖို့ ကိုယ်ရေးကိုယ်တာများ ရှေ့တန်းမတင်ရေး၊ ညီညီညွတ်ညွတ်ဆောင်ရွက်သွားရေး၊ အမှတ် (၄) ကျောက်ဆည်မဂ္ဂဇင်း မကြာမီထွက်ရှိတော့မည်ဖြစ်ကြောင်းနှင့် အမှတ် (၅) ကျောက်ဆည်မဂ္ဂဇင်းစာအုပ် ထုတ်ဝေသွားနိုင်ရေးနှင့် အသင်းနာယက ဦးအောင်မြင့် (ကျောက်ဆည်)၊ စိုးမြင့်ထွဏ်း(အာယုဗေဒ)၊ ဦးကျော်သန်း(ကျောက်ဆည်) တို့က အချိန်နှင့်အလုပ်ကိုလေးစားသွားကြရန်၊ အများလေးစားအောင် နေထိုင်သွားကြစေရေးနှင့် အလုပ်အမှုဆောင်နေရာများတွင် လစ်လပ်သွားသော စာရေးဆရာများအား အစားထိုးရွေးချယ်နိုင်ရေး၊ စာရေးဆရာမ ချောယဉ်မင်းက အသင်းရန်ပုံငွေစာရင်းများအား အသီးသီး ဦးဆောင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာသော စာရေးဆရာများမှ မြို့နယ်စာရေးဆရာအသင်းကြီး ရေရှည်တည်တံ့ခိုင်မြဲပြီး စာပေကဏ္ဍမြင့်မားတိုးတက်ရေးအကြောင်းများ အသီးသီးပါဝင်ဆွေးနွေးခဲ့ကြပြီး လစ်လပ်သွားသည့် အလုပ် အမှုဆောင်နေရာများအား အစားထိုးရွေးချယ်အတည်ပြုခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)