လားရှိုးမြို့တွင် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်း(၃)မျိုးဖွင့်ပွဲကျင်းပ
Jul 24,2023
ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု အခြေခံသင်တန်း(၃)မျိုး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီအချိန်က လားရှိုးမြို့၊ လားရှိုးမိုတယ်ခန်းမတွင် ကျင်းပပြုလုပ်သည်။ အခမ်းအနားသို့ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။