သတင်းများ

မင်းလှမြို့ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့တို့ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့်အကောင်းဆုံး‌သောဘဝကိုတည်ဆောက်ခြင်း” စာအုပ်အား စာဖတ်ဝိုင်းဆွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကော့ကရိတ်မြို့ မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ဆက်လက်ထုတ်ပေး
Jul 24,2023
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ယနေ့နံနက် ၇ နာရီအချိန်မှ စတင်ထုတ်ပေးလျက်ရှိရာ ပင်စင်လစာ လာရောက်ထုတ်ယူသူ များပြားလျက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာတွင် နေအိမ်(၃)လုံး မီးလောင်မှုဖြစ်ပွား
Jul 24,2023
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်တွင် ဆိပ်မူကျေးရွာတွင် ဇူလိုင်(၂၃)ရက် ည (၉)နာရီခန့်က လူနေအိမ်(၃)လုံး မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
တန်ဖိုးမြှင့် စားသောက်ကုန် ( သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင်အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာ သင်တန်းဖွင့်လှစ်  
Jul 24,2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊  ပြင်ဦးလွင်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် တန်ဖိုးမြှင့် စားသောက်ကုန် (သီးနှံအခြေခံ ယို၊ ဖျော်ရည်၊ ဝိုင် အမျိုးမျိုး) ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြင်ဦးလွင် မြို့နယ်၊ ပင်လိန် (အရှေ့) ကျေးရွာ၊  ရွာဦးကျောင်းရှိ ဓမ္မာရုံ၌   ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာများနှင့်   သင်တန်းသားများ တက်ရောက်ကြသည်။    
အခြေခံစာရင်းရေး စာရင်းကိုင်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ ကျင်းပ
Jul 24,2023
မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သမဝါယမဦးစီးဌာနများတွင် တာဝန်ထမ်းဆောင်နေသော အငယ်တန်းစာရေး ဝန်ထမ်းများအား လုပ်ငန်းခွင်တွင် စွမ်းရည်ပြည့်ဝစွာ ဆောင်ရွက်နိုင်စေရန်အတွက် အမှုထမ်းများ အခြေခံစာရင်းရေး စာရင်းကိုင်သင်တန်းကို ဖွင်လှစ်သင်ကြားပေးခဲ့ရာ သင်တန်း ဆင်းပွဲကို ဇူလိုင်လ ၂၄ရက် နံနက် ၁၁နာရီက မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
နတ်မောက်မြို့နယ်၌ စားဖိုချောင်သီးနှံ တိုင်ထောင်ခရမ်းချဉ်သီးများ ဈေးကောင်း
Jul 24,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြိုမစျေးတွင် စားဖိုချောင်သုံးသီးနှံ တိုင်ထောင်ခရမ်းချဉ်သီးများ ဈေးကောင်းလျက်ရှိကြောင်း ရောင်းချသူ  ဒေါ်မေနွဲ့ထံက သိရသည်။
တောင်ကုတ်မြို့နယ်၌ ဖုံး သွန် လဲ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Jul 24,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့နယ်တွင် ပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများ ပိုမိုထိရောက် စေရေး၊ ဂျပန်ဦးနှောက်အမှေးရောင် ရောဂါကြိုတင်ကာကွယ်ရေး ၊ ရာသီတုပ်ကွေး‌ရောဂါ ဖြစ်ပွားမှုမရှိစေရေးတို့အတွက် ဖုံး သွန် လဲ စစ်နှင့် အဘိတ်ဆေးခပ်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈) နာရီအချိန်က သိမ်တောင်ရပ်ကွက်ရှိ အောင်ချမ်းသာ၊ စိတ္တသုခ ကွက်သစ်များ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပန်းတနော်မြို့၌ စာဖတ်ဝိုင်း ကျင်းပ
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ် လူထုအခြေပြုဗဟိုဌာန အဆောက်အအုံ (Meeting Room)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ လူငယ်နှင့် အကောင်းဆုံးသော ဘဝကိုတည်ဆောက်ခြင်း ခေါင်းစဥ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။