သတင်းများ

သင်္ဃန်းကျွန်းမြို့နယ်တွင် “စာဖတ်ရှိန်မြင့်မားရေး”ဟောပြောပွဲနှင့် နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်း
Jul 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာပေချစ်မြတ်နိုးသူများ၊ ပြည်သူများ၊ ကျောင်းသား/ကျောင်းသူလူငယ်များ စာအုပ်၊ စာပေ အလွယ်တကူဖတ်ရှုစေနိုင်ရန်၊ ဗဟုသုတပိုမိုကြွယ်ဝစေရန်နှင့် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်မှုရှိ စေရေးအတွက် ယနေ့နံနက်(၁၀)နာရီက အမှတ်(၄) အခြေခံပညာအလယ်တန်းကျောင်းသို့သွားရောက်ပြီး စာဖတ်ရှိန်မြင့်မားရေးအတွက် ဟောပြောပွဲကျင်းပပြီး နယ်လှည့်မိုဘိုင်းစနစ်ဖြင့် စာအုပ်များကို ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့ လူထုအ‌ခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်
Jul 24,2023
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ လူထုအခြေပြုဗဟိုဌာန၌ ယ‌နေ့နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူများအသင်း  (Book Club) အသင်းအဖွဲ့ဝင်များ ပူးပေါင်း၍ စာရေးဆရာသုတေသီ ဘုန်းမြင့်သွေး ရေးသားသည့် လူနေချုံကြား စိတ်နေဘုံဖျားစာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့သည်။
ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေး
Jul 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့ မြန်မာ့စီးပွားရေးဘဏ်၌ ယနေ့နံနက် ၉ နာရီမှစတင်၍ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ဆက်လက်ထုတ်ပေးလျက်ရှိသည်။
အ.ထ.က(ခိုလမ်) ကျောင်း၌လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကျင်းပ
Jul 24,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ အ.ထ.က (ခိုလမ်)ကျောင်း၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြတ်ရတနာ ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
လှည်းကူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်အသိပညာပေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
Jul 24,2023
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက လှည်းကူးမြို့၊ လသာသနာ့ရိပ်သာရပ်ကွက်ရှိ ရန်ကင်းအခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပကြောင်း သိရသည်။
ဖျာပုံမြို့၌ ပျားမွေးမြူရေးပြည်သူပညာပေးသင်တန်းဖွင့်
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနနှင့်ပျားမွေးမြူမှုဖွံ့ဖြိုးရေးဌာနခွဲတို့ပူးပေါင်း၍ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ဆန်၊ စပါးကိုအဓိကထား စိုက်ပျိုးလျက်ရှိရာ ဆီရိက္ခာဖူလုံစေရန်အတွက် ဆီထွက်သီးနှံနေကြာများကို စတင်စိုက်ပျိုးလျက်ရှိရာ ဆီထွက်သီးနှံနေကြာအား ပျားများမှတစ်ဆင့်ဝတ်မှုံကူးခြင်းဖြင့် နေကြာစေ့များ အောင်မြင်ဖြစ်ထွန်းစေရန်ရည်ရွယ်၍ ပျားမွေးမြူရေး ပြည်သူပညာပေးသင်တန်းကို ဇူလိုင်လ (၂၄)ရက်နေ့ နံနက် (၉) နာရီခွဲ အချိန်က ဖျာပုံခရိုင်စိုက်ပျိုး‌ရေးဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဟင်္သာတမြို့နယ်တွင် တောင်သူများအား သွင်းအားစုများထောက်ပံ့ ပေးအပ်ပွဲနင့် ကောက်စိုက်စက်ဖြင့်လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကျင်းပ
Jul 24,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်ဟင်္သာတမြို့နယ်၊ အင်းဓဝယ်ကျေးရွာရှ်ိ တောင်သူပညာပေးစခန်းတွင် မိုးစပါး (၁) ဧကလျှင် (၁၀) တင်းနှုန်း ပိုမိုထွက်ရှိစေရေးအတွက် နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေဖြင့် တောင်သူများသို့ (ကွန်ပေါင်းမြေဩဇာ၊ ယူရီးယားမြေဩဇာ၊ သဘာဝမြေဩဇာ) သွင်းအားစုပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက အဆိုပါနေရာတွင်ကျင်းပပြုလုပ်ခဲ့သည်။
ခန္တီးမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်​ရေးအတွက် လူငယ်စကားဝိုင်း ကျင်းပ
Jul 24,2023
ခန္တီးခရိုင် ပြန်ကြားပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်း (ကျန်စစ်သား) ခန်းမတွင် ယနေ့နံနက်(၁၀:၀၀) နာရီအချိန်က လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။