သတင်းများ

ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ပုသိမ်မြို့ရှိဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်ကြည့်ရှုအားပေး
Jul 24,2023
ကျန်းမာရေးဝန်ကြီးဌာနမှ ပါမောက္ခ/အထူးကုဆရာဝန်ကြီးများက ပုသိမ်မြို့ရှိဒေသခံပြည်သူများအား ကုတင် (၅၀၀) ဆံ့ပြည်သူ့ဆေးရုံကြီးတွင် (၂၂.၇.၂၀၂၃) မှ (၂၃.၇.၂၀၂၃) ရက်အထိ(၂)ရက်တိုင်တိုင် ကျန်းမာရေးစောင့်ရှောက်မှုပေးနေများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများကယမန်နေ့နံနက်ပိုင်းတွင် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
ကျိုက်မရော၌ အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ မူလတန်းကျောင်းသား၊ ကျောင်းသူများအား ကိုဗစ-၁၉ ကာကွယ်ဆေးဒုတိယအကြိမ် ထိုးနှံပေး
Jul 24,2023
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်းရှိ  ၂၀၂၃ -၂၀၂၄ ပညာသင်နှစ်အခြေခံပညာမူလတန်းအဆင့် အသက် ၅ နှစ်မှ ၁၂ နှစ်အတွင်းရှိ  KG တန်းမှ Grade- 5 အထိ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးဒုတိယအကြိမ်ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် ၉ နာရီက အ.မ.က(မူလွန်)ကလိုင်းကနိုင်ကျောင်း၌ ထိုးနှံပေးလျက်ရှိသည်။
ကမမောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ကာကွယ်ဆေးများ ဆက်လက် ထိုးနှံပေး
Jul 24,2023
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်း လုပ်ငန်းများ ကို ယနေ့နံနက် (၁၀) နာရီအချိန်က ကမမောင်းမြို့ အခြေခံပညာ အထက်တန်းကျောင်း၌ ထိုးနှံပေးလျက်ရှိကြောင်း သိရှိရသည်။
မုဒုံမြို့၌ မြတ်ပညာငွေစုငွေချေးသမဝါယမအသင်း နှစ်ပတ်လည်သင်းလုံးကျွတ်အစည်းအဝေးပြုလုပ်
Jul 24,2023
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် မြတ်ပညာငွေစုငွေချေး သမဝါယမအသင်း (အခြေခံ)အရပ်ရပ်ဆိုင်ရာ နှစ်ပတ်လည်သင်းလုံးကျွတ် အစည်းအဝေးကို ယမန်နေ့ကအသင်းရုံး၌ ပြုလုပ်သည်။
မုဒုံမြို့၌ အခြေခံပညာ ထက်၊ လယ်၊ မူ ကျောင်းအုပ်ကြီးများနှင့် ခရိုင်ပညာရေးမှူးတို့ တွေ့ဆုံပွဲကျင်းပ
Jul 24,2023
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် ခရိုင်ပညာရေးမှူးတို့ တွေ့ဆုံပွဲကို ယနေ့နံနက် ၁၀ နာရီကအမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ရှင်အရဟံခန်းမ၌ ပြုလုပ်သည်။
ညောင်ဦးမြို့နယ်၌ ခရမ်းချဉ်သီးဈေးနှုန်း တစ်ပိဿာ ၂၂၀၀ ကျပ်ထိဈေးတက်လာ ခရမ်းချဉ် စိုက်တောင်သူများ တွက်ခြေကိုက်
Jul 24,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ စိုက်ပျိုးသည့် ခရမ်းချဉ်သီးတစ်ပိဿာ ၂၂၀၀ ကျပ် ရောင်းချရခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုး တောင်သူများ ခရမ်းချဉ်သီး လှိုင်လှိုင်ပေါ်ချိန် မိသားစုဝင်ငွေ တွက်ခြေကိုက်နေကြကြောင်း မုန့်ကုန်းကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးမင်းညိုထံကသိရသည်။
ဇီးကုန်းမြို့နယ်၌ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်း သင်တန်းဖွင့်လှစ်
Jul 24,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်အစာပင် နေဗီယာမြက်စိုက်ပျိုးခြင်းနှင့် မြက်ချဉ်ဖတ်ပြုလုပ်နည်းသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရွှေတောင်မြို့နယ်တွင် စိုက်ပျိုး၊ မွေးမြူရေးနှင့် အခြားစီပွားရေး(ကုန်ထုတ်လုပ်မှု) လုပ်ငန်းများအားကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 24,2023
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ ရွှေတောင်မြို့နယ်အတွင်းရှိ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်လျက်ရှိသည့် စိုက်ပျိုး၊ မွေးမြူရေးနှင့်အခြားစီပွားရေး(ကုန်ထုတ်လုပ်မှု)လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။