Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်
Jul 22,2023
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး၊ စိုက်ဧကတိုးချဲ့ စိုက်ပျိုးရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ စိုက်ပျိုးရေးလုပ်ငန်းရှင်များနှင့် မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကို မြိတ်ခရိုင်၏ မိုးစပါး စံပြကွက် စိုက်ခင်းများအတွက် မျိုးစပါး၊ ကွန်ပေါင်း ဓာတ်မြေဩဇာများနှင့် ကော်ဖီ၊ ကိုကိုး စိုက်ပျိုးမည့်သူများအတွက် ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲတက်ရောက်
Jul 22,2023
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးတရားလွတ်တော် တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့လယ်ပိုင်းက မြိတ်မြို့ ပုလဲရတနာခန်းမ၌ ကျင်းပသည့် မြိတ်ခရိုင်အတွင်းရှိ မြို့နယ်များတွင် ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများရှိ မိုးစပါး စံပြကွက်စိုက်ခင်းများ အတွက် မျိုးစပါး၊ ကွန်ပေါင်း ဓါတ်မြေဩဇာများနှင့် ကော်ဖီ၊ ကိုကိုး စိုက်ပျိုးမည့်သူများအတွက် ပျိုးပင်များ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 22,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဘူးသီး တောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့် လှစ်ခဲ့သည့် လူသုံး ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲသို့တက်ရောက်
Jul 22,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
Jul 22,2023
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ်အတွင်း မိုခါမုန်တိုင်းဖြစ်ပွားမှုကြောင့် ပျောက်ဆုံးပျက်စီးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား မိတ္တူ ပြန်လည်ထုတ်ပေးခြင်းအခမ်းအနားကျင်းပ
Jul 22,2023
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်း မိုခါမုန်တိုင်းဖြစ်ပွားမှုကြောင့် ပျောက်ဆုံးပျက်စီးခဲ့သည့် အိမ်ထောင်စု လူဦးရေစာရင်း (၇၉၃)စုနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၆၃၄)ကတ်အား မိတ္တူပြန်လည်ထုတ်ပေးခြင်း အခမ်းအနားကို ဇူလိုင်လ ၂၁ ရက် နံနက် ၁၁ နာရီ ၄၅ အချိန်က စလင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်းရှိ မိုးလုံလေလုံအားကစားရုံအတွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် စားရေရိက္ခာဖူလုံရေးအထောက်အကူပြု ဟင်းသီးဟင်းရွက်၊ စားပင်သီးပင်နှင့် အိမ်တွင်းအလှစိုက်ပင်များ ပျိုးထောင်ပြုစုခြင်းနည်းပညာ သင်တန်းဖွင့်ပွဲအခမ်းအနားတက်ရောက်
Jul 22,2023
စားရေရိက္ခာဖူလုံရေးအထောက်အကူပြု ဟင်းသီးဟင်းရွက်၊ စားပင်သီးပင်နှင့် အိမ်တွင်းအလှစိုက်ပင်များ ပျိုးထောင်ပြုစုခြင်း နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲတွင် အောင်ပွဲရရှိသည့်အသင်းအား ကြိုဆိုဂုဏ်ပြုပွဲအခမ်းအနားကျင်းပ
Jul 22,2023
၂၀၂၃ ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ဗိုဗီနမ်ပြိုင်ပွဲတွင် အောင်ပွဲရရှိခဲ့သော မန္တလေးတိုင်း ဒေသကြီး ဗိုဗီနမ်အသင်းအား ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မန္တလေး၊ ချမ်းအေးသာစံ မြို့နယ်၊ ဗထူးအားကစားပြိုင်ကွင်းရှိ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနရုံးတွင် ကျင်းပ ပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
10319
Page
10320
Page
10321
Page
10322
Current page
10323
Page
10324
Page
10325
Page
10326
Page
10327
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department