မုံရွာ ဇူလိုင် ၂၂
စားရေရိက္ခာဖူလုံရေးအထောက်အကူပြု ဟင်းသီးဟင်းရွက်၊ စားပင်သီးပင်နှင့် အိမ်တွင်းအလှစိုက်ပင်များ ပျိုးထောင်ပြုစုခြင်း နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မိမိတို့နေ့စဉ်စားသုံးနေကြသည့် စားရေရိက္ခာ များတွင် ကျန်းမာရေးနှင့်ညီညွှတ်သည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများလိုအပ်ပြီး နေ့စဉ် လိုအပ် လျက်ရှိသည့် ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများနှင့် နှစ်ရှည်စားပင်သီးပင်များအား ခေတ်မီ နည်းစနစ်ကျကျ စိုက်ပျိုးပြုစုမှသာ အထွက်နှုန်းကောင်း၊ အရည်အသွေးကောင်းများ ရရှိလာမည် ဖြစ်ပါကြောင်း၊ ဘေးကင်းလုံခြုံမှုရှိသည့် စိုက်ပျိုးရေးထွက်ကုန်များအား ပြည်သူများ အဟာရ ပြည့်ဝစွာဖြင့်စားသုံးနိုင်ပြီး ဈေးကွက်နေရာရသည့် ပြည်ပသို့ထုတ်လုပ်ရောင်းချနိုင်မည်ဖြစ် ပါကြောင်း၊ ဟင်းသီးဟင်းရွက်၊သစ်သီးဝလံနှင့် နှစ်ရှည်သီးနှံများ နေ့စဉ်လုံလောက်စွာ သုံးစွဲနိုင်ရန်နှင့် ပြည်တွင်းပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်ရေးအတွက် စီးပွားဖြစ် စိုက်ခင်း၊ မိသားစုစိုက်ခင်း၊ ရုံးတွင်းစိုက်ခင်းများ ထူထောင်နိုင်ရေးအတွက် အခြေခံ နည်းပညာ များအား တာဝန်ရှိသူများက ပြည်သူများအား သင်တန်းများပို့ချပေးကြရမည်ဖြစ်ပါကြောင်း၊ စားဖိုဆောင်သီးနှံနှင့် အလှစိုက်ပန်းမန်များအား မိသားစုတစ်ပိုင်တစ်နိုင်၊ တစ်အုပ်တစ်မ စိုက်ပျိုးပြီး စီးပွားဖြစ်စိုက်ပျိုး ရေးလုပ်ငန်းများအဖြစ် ဆောင်ရွက်နိုင်ရန်ရည်မှန်းကာ အကောင် အထည်ဖော်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးမည့် နည်းပညာများအား စိတ်ပါဝင်စားစွာ လေ့လာသင်ယူကြရန်၊ ရရှိလာသည့် နည်းပညာများအား တောင်သူများထံ ပြန်လည်ဖြန့်ဝေသွားကြရန်နှင့် မိမိတို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့်လည်း တိုင်းဒေသ ကြီး၏ စိုက်ပျိုးစွမ်းအားမြှင့်တင်ရေးနှင့် စားရေရိက္ခာဖူလုံရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဝင်းလိူင်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး မုံရွာမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ သင်တန်းနည်းပြများမှ ဟင်းသီးဟင်းရွက်များ ပြုစုပျိုးထောင်ခြင်း၊ နှစ်ရှည်ပင်များ ပြုစုပျိုး ထောင်ခြင်း၊ အလှစိုက်ပန်းပင်များ ပြုစုပျိုးထောင်ခြင်း လုပ်ငန်းများအား Power Point ဖြင့် ရှင်းလင်းတင်ပြကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ စားရေရိက္ခာဖူလုံရေးအထောက်အကူပြု ဟင်းသီးဟင်းရွက်၊ စားပင်သီးပင်နှင့် အိမ်တွင်း အလှစိုက်ပင်များ ပျိုးထောင်ပြုစုခြင်း နည်းပညာသင်တန်းအား ဇူလိုင်လ ၂၁ ရက်မှ ၂၃ နေ့အထိ စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ရာ သင်တန်းသား၊ သင်တန်းသူ ၅၀ ဦး တက်ရောက်သွားမည်ဖြစ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လယ်ယာစိုက်ပျိုး ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနည်းပညာပြခန်းနှင့် စားရေရိက္ခာဖူလုံရေးအထောက်အကူပြု ဟင်းသီး ဟင်းရွက်၊ စားပင်သီးပင်နှင့် အိမ်တွင်းအလှစိုက်ပင်ပြခန်းတို့အား လိုက်လံကြည့်ရှုအားပေး ခဲ့ကြ သည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာခရိုင်၊ စိုက်ပျိုးရေးဦး စီးဌာနရုံးရှိ မှိုနှင့်အိမ်တွင်းအလှစိုက်ပန်းမန်များ သုတေသနပညာပေးစင်တာသို့ ရောက်ရှိရာ စင်တာအတွင်းခင်းကျင်းပြသထားသော မှိုနှင့်ပန်းမန်များအား လိုက်လံကြည့်ရှုအားပေးခဲ့ကြ သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါရုံးဝန်း အတွင်း စိုက်ပျိုးထားသော စားဖိုဆောင်သီးနှံစိုက်ခင်း ပျိုးထောင်ထားရှိမှုအား လိုက်လံကြည့်ရှုအား ပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်။