သတင်းများ

သရက်မြို့၌ တမာပင်စိုက်ပျိုးပွဲ‌တော်ကျင်းပ
Jul 22,2023
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်အတွင်း စိမ်းလန်းစိုပြေပြီး သစ်တောဖုံးလွှမ်းမှု ပြန်လည် ကောင်းမွန်လာစေရေး၊ ရာသီဥတု ပြောင်းလဲမှုများကို လျှော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပြန်လည်ကောင်းမွန်လာစေရန်အတွက် စုပေါင်းတမာပင် စိုက်ပျိုးပွဲတော် စိုက်ပျိုးခြင်းကို ယနေ့နံနက်(၈)နာရီက တံတားချည်းကပ်လမ်းအနီး၊ စမ်းအိုင့်ကျေးရွာအုပ်စု၊ စမ်းအိုင့်ကျေးရွာတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အောင်လံမြို့၌ ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ
Jul 22,2023
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပထမအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ယနေ့နံနက် ၇ နာရီက စမ်းချောင်းရပ်ကွက် တာဝတိံသာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ်တွင်  GW-11  မျိုးသစ်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်း
Jul 22,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် တောင်သူဒေါ်ကြည်ကောင်း စိုက်ပျိုးထားသော GW-11  မျိုးသစ်စမ်းသပ်ကွက် စံကွက်ရိတ်သိမ်းလျက်ရှိရာ အစိုတင်း(၁၀၉)တင်းထွက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူထံက သိရသည်။
သံဖြူဇရပ်-ရေး 66 KV ဓာတ်အားလိုင်းတာဝါတိုင် တည်ဆောက်ရေးအတွက် နှစ်ရှည်သီးနှံပင် လျော်ကြေးငွေ ပေးအပ်ပွဲအခမ်းအနားကျင်းပ
Jul 22,2023
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ 66KV သံဖြူဇရပ်-ရေးဓာတ်အားလိုင်း၊ သံ ဖြူဇရပ်မြို့နယ်အတွင်း တာဝါတိုင်ဖြတ်သန်းတည်ဆောက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နှစ်ရှည်သီးနှံပင်များနှင့်သီးပင်စားပင်များအား ဒုတိယအကြိမ် (ဒုတိယအသုတ်) လျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
မိုင်းပျဉ်းမြို့၌ သတိပြုကာကွယ် သွေးလွန်တုပ်ကွေးအန္တရာယ်အကြောင်း အသိပညာပေး Talk Show ကျင်းပ
Jul 22,2023
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ သတိပြုကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့်အထိမ်းအမှတ် ရိုးရာခြင်းလုံးအလှခတ်ပွဲတော် ကျင်းပ
Jul 22,2023
မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့်အဖွဲ့ချုပ် နှစ်(၇၀)ပြည့်အထိမ်းအမှတ် ရိုးရာခြင်းလုံး အလှခတ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ မန္တလာသီရိအားကစားကွင်းရှိ Multipurpose Stadium ခန်းမ၌ ကျင်းပပြုလုပ်သည်။
န­မ့်စန်တွင် ကလပ်ပေါင်းစုံ အမှတ်ပေး ဖူဆယ်ဖိတ်ခေါ်ဖလားပြိုင်ပွဲ ဆုပေးပွဲကျင်းပ
Jul 22,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကလပ်ပေါင်းစုံ အမှတ်ပေး ဖူဆယ်ဖိတ်ခေါ်ဖလား ELEVEN OPEN CUP(2023) ပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်နှင့် ဆုပေးပွဲ အခမ်းအနား ကို ယမန်နေ့ ညနေ ၄ နာရီက ဝမ်ပုံကျေးရွာအုပ်စု၊ ထင်းရှူးမြိုင်ကျေးရွာရှိ ELEVEN FUTSAL ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
မင်းပြားမြို့ လူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ယာဉ်အန္တရာယ်ကင်းရှင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှုတားဆီးရေး အသိပညာပေး ဟောပြောပွဲကျင်းပ
Jul 22,2023
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း (မင်းပြား)နှင့် မင်းပြား မြို့နယ် ရဲတပ်ဖွဲ့တို့ ပူးပေါင်းပြီး ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ လူကုန်ကူးမှု တားဆီးရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါ သင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။