သတင်းများ

လားရှိုးမြို့နယ်အတွင်းတွင် မိုးရာသီစိုက်ပျိုးရေးကာလအတွင်း အစေ့ထုတ်ပြောင်း (၄၂၅၃၈) ဧက စိုက်ပျိုးပြီးစီး
Jul 22,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးခရိုင်၊ လားရှိုးမြို့နယ်အတွင်းတွင် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုကြရာရာသီအလိုက် သီးနှံများကို လယ်မြေ၊ ယာမြေ များတွင် မိုးရာသီကာလအတွင်း စပါးအပါအဝင် သီးနှံ မျိုးစုံကို စိုက်ပျိုးလျက်ရှိနေကြပြီဖြစ်ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဆင်းသုခစပါးမျိုး ပျိုးထောင်စိုက်ပျိုးမှုအားကြည့်ရှုအားပေးပြီး တောင်သူများထံသို့သွင်းအားစုဓာတ်‌မြေဩဇာများထောက်ပံ့ပေးအပ်
Jul 22,2023
တောင်သူကြီးများအနေဖြင့် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခဲ့သဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်လာသည်ကို မြင်တွေ့နေရပြီ ဖြစ်ပါကြောင်း၊ သဘာဝမြေသြဇာများအသုံးပြု၍ ဓာတ်မြေသြဇာသုံးစွဲမှုများလျှော့ချကြရန်နှင့် အထွက်နှုန်းများ တိုးတက်ရန်အတွက် မျိုးကောင်းမျိုးသန့်စပါးများဖြင့် ပြောင်းလဲစိုက်ပျိုးခြင်း၊ ခေတ်မီစိုက်ပျိုးနည်းစနစ် ပြောင်းလဲစိုက်ပျိုး ခြင်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာ တောင်သူဦးစိုးလှိုင်၏ လယ်ဧက၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးတစ်ဧက (၁၀)တင်းနှုန်း ပိုမိုတိုးတက်ထွက်ရှိရေး ပျိုးထောင်စိုက်ပျိုးပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းက ပြောကြားခဲ့သည်။
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်  တိုင်းမှူးဒိုင်းဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
Jul 22,2023
အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ညနေပိုင်းက တိုင်းစစ်ဌာနချုပ်ဇေယျသိဒ္ဓိအားကစားကွင်း၌ ကျင်းပပြုလုပ်ရာ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ၏ (၇)ကြိမ်မြောက် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ အား လေ့လာရန် ကမ္ဘောဒီးယား နိုင်ငံသို့ထွက်ခွာ
Jul 22,2023
ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံ၌ ကျင်းပမည့် (၇)ကြိမ်မြောက် အမျိုုးသားလွှတ်တော် ရွေးကောက်ပွဲအား လေ့လာရန် ယမန်နေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့မှ ကမ္ဘောဒီးယားနိုင်ငံသို့ ထွက်ခွာသွားသည်။
အုတ်တွင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧကပန်းတိုင်အထွက်ရရှိရေး တွေ့ဆုံဆွေးနွေး
Jul 22,2023
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ မိုးစပါးစိုက်ပျိုးဧက ပန်းတိုင်အထွက်ရရှိစေရေး တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ နိုင်ငံရေးပါတီ (၇) ပါတီအား နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်ထားရှိမှု ကြည့်ရှုစစ်ဆေး
Jul 22,2023
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးသည် မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော ပဲခူးတိုင်းဒေသကြီး နယ်မြေအခြေစိုက် ဖက်ဒရယ်ဒီမိုကရက်တစ် ပါတီ ရန်ကုန်တိုင်းဒေသကြီး နယ်မြေအခြေစိုက် ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက် ရေးပါတီ (Myanmar Farmers' Development Party)၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက် တစ်ပါတီ (ကျားဖြူပါတီ)၊ ဒီမိုကရက်တစ်ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်နှင့် ဧရာဝတီ တိုင်းဒေသကြီး နယ်မြေအခြေစိုက် ကရင်ပြည်သူ့ပါတီ (KPP)တို့မှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့လွှတ်တော် အဆောက် အအုံရှိ ပုလဲခန်းမ၌ တွေ့ဆုံ၍ နိုင်ငံရေး ပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပါတီလုပ်ငန်းများ ဆောင်ရွက်ထားရှိမှ အခြေအနေများကို စစ်ဆေးသည်။
ရခိုင်ပြည်နယ် မောင်တောမြို့တွင် အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာပြုလုပ် သုံးစွဲနည်း သရုပ်ပြပွဲကျင်းပပြုလုပ်
Jul 22,2023
ရခိုင်ပြည်နယ် မောင်တောမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်ဝန်ကြီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကျေးရွာများရှိ တောင်သူများ အသုံးပြုနိုင်ရေးအတွက် အီးအမ်ဘိုကာရှီနှင့် စူပါဘိုကာရှီ သဘာဝဓာတ်မြေဩဇာ ပြုလုပ်သုံးစွဲနည်း သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃ နာရီအချိန် မြို့ဦး ရပ်ကွက်၊ ဇူလကျေးရွာတွင် ကျင်းပြုလုပ်ခဲ့ရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြသည်။
ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Jul 22,2023
ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေး(၇/၂၀၂၃)ကို ယနေ့နံနက်(၁၀)နာရီက ဗိုလ်တထောင် မြို့နယ်၊ မဟာဗန္ဓုလလမ်းနှင့် ကုန်သည်လမ်းကြား၊ ၅၁ လမ်းရှိ မဟာနဝရတ် (ကွန်ဒိုအိမ်ရာတာဝါ A) အခန်းအမှတ် (၅၂၂/၅၂၃) ၌ ကျင်းပပြုလုပ်သည်။