ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့် လှစ်ခဲ့သည့် လူသုံး ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲသို့တက်ရောက်

မောင်တော ဇူလိုင်  ၂၂

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အသေးစားစက်မှုလက်မှုဦးစီးဌာနမှ သစ်တောရွာကျေးရွာတွင် ကြီးမှူးဖွင့်လှစ်ခဲ့သည့် လူသုံး ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲသို့ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေက တက်ရောက်အမှာ စကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် အသက်မွေးဝမ်းကျောင်း အတတ်ပညာ တစ်ခု တတ်မြောက်ခြင်းအားဖြင့် လူငယ်များလမ်းမှား မရောက် စေဘဲ၊ ပညာရေးတစ်ပိုင်းတစဖြင့် အနာဂါတ်ဘဝများမပပျောက်စေရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများရရှိလာစေခြင်းကြောင့် မိသားစုတစ်ပိုင်တစ်နိုင် ဝင်ငွေတိုးပွားလာနိုင်မည်ဖြစ်ကြောင်း၊ သင်တန်းမှ ပို့ချပေးလိုက်သည့် လူသုံးကုန်ပစ္စည်းနည်းပညာဘာသာရပ်များအား သင်တန်းသားများ အနေဖြင့် မိမိတို့ ကျေးရွာများ ရောက်ရှိ စဉ်တွင်  စနစ်တကျလက်တွေ့ အသုံးချစေလိုကြောင်း မှာကြားခဲ့သည်။ ဆက်လက်၍  ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဉမ္မာထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်  သင်တန်းတွင် ပို့ချပေးခဲ့သည့် ဆပ်ပြာရည်၊ ဆပ်ပြာခဲ၊ ခေါင်းလျှော်ရည်၊ လက်သန့်ဆေးရည်နှင့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာ ဘာသာရပ်များအား စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးခဲ့မှု အခြေအနေများနှင့် သင်တန်းကို နည်းပြ ၂ ဦးက သင်ကြား ပို့ချပေးခဲ့ပြီး သင်တန်းသူ ၂၀ ဦးက တက်ရောက်သင်ယူခဲ့ကြကာ သင်တန်းကာလမှ ၅ ရက်တာပို့ ချပေးခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ထို့နောက် ပြန်လည်ထူထောင်ရေး အတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးနှင့် တာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်နှင့် သင်တန်း ထွက်ကုန်ချော ပစ္စည်းများကို သင်တန်းသူများအားလက်ဝယ်သို့ အသီးသီးပေးအပ်ခဲ့ကြပြီး သင်တန်း သူများက လက်ခံရယူခဲ့ကြပြီး အခမ်းအနားတက်ရောက်လာသူများက ခင်းကျင်းပြသထားသော သင်တန်း ထွက်ကုန်ချော ပစ္စည်းများအား လေ့လာကြည့်ရှုအားပေးခဲ့ကြသည်။

အခမ်းအနားသို့ ပြန်လည်ထူထောင်ရေးအတွက် ရောက်‌ရှိနေသော ဗိုလ်မှူးချုပ် တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ဉမ္မာထွန်းနှင့် ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အမျိုး သမီးရေး ရာအဖွဲ့ဥက္ကဋ္ဌ ဒေါခင်စန္ဒာဝင်းနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်း၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး ၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)