ဘူးသီးတောင် ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်း ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဘူးသီး တောင်တပ်နယ်မှူး ဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့ပေါ် ရပ်ကွက်မှရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ရောက်ရှိလာသော ဆန်နှင့် ထောက်ပံ့ပစ္စည်းများအား ကျေးရွာအုပ်စုများသို့ စနစ်တကျဖြင့် အမြန်ဆုံးဖြန့်ဝေရေး၊ မြို့သန့်ရှင်းသာယာလှပရေး၊ အမှိုက်များစနစ်တကျ စွန့်ပစ်ရေးနှင့်၊ ရေစီး/ရေလာ ကောင်းမွန် ရေးတို့အတွက် ရပ်ကွက်နေ ပြည်သူများနှင့် ကျောင်းသူ/ကျောင်းသားများကို အသိပညာပေး ဟောပြောပွဲများဆောင်ရွက်ရေး၊မြို့ပေါ်ရပ်ကွက်များအလိုက်သွေးလွန်တုပ်ကွေးရောဂါကြိုတင် ကာကွယ်နိုင်ရေး အတွက် ကျန်းမာရေးဌာနမှ ခြင်နှိမ်နှင်းရေးစက်များဖြင့် ဆေးဖြန်းခြင်း ၊ ဖုန်း၊သွန်၊လဲ၊စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ သွေးလွန်တုတ်ကွေးရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်းတို့ကိုလုပ်ဆောင်သွားရေး၊ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီတွင် စီမံကိန်းလျာထားချက်အတိုင်း အချိန်မီ ထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းနိုင်ရေး ကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေး လမ်းညွှန်မှာကြားရာ ဌာနဆိုင်ရာအကြီး အကဲများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ ဆောင်ရွက်ထားရှိမှုများ၊ လိုအပ်ချက်များအားတင်ပြကြရာ သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းသည် ဘူးသီးတောင် တပ်နယ်မှူးဗိုလ်မှူးကြီး တင်မိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဝင်းနှင့်အဖွဲ့ဝင်များနှင့်အတူ ရွာမ ကျေးရွာအုပ်စုရှိ မြို့နယ် စည်ပင်သာယာအဖွဲ့မှ အမှိုက်စွန့်ပစ်သည့်နေရာဖြစ်သည့် ရွာမ အမှိုက်ကွင်းနေရာသို့ သွားရောက်ပြီး ဘူးသီးတောင်-တောင်ဘဇာလမ်းမဘေးတွင် ပိတ်ဆို့ နေသော အမှိုက်များအား နယ်စပ်ဒေသနှင့်တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုး တက်ရေး ဦးစီးဌာနမှ ပေးပို့ထားရှိသော Loader (၁)စီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ Backhole (၁) စီးတို့နှင့် စုပေါင်းလုပ်အား ပေးအဖွဲ့များဖြင့်ဖယ်ရှားရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက် နေမှုများအား သွားရောက်ကြည့်ရှုပြီး လမ်းမပေါ်တွင် အမှိုက်များမစွန့်ပစ်ရေး၊ အမှိုက်ပုံ ကွင်းဧရိယာထိ အမှိုက်ကားများသွားရောက်၍ အမှိုက်များစုပုံရေး၊ အမှိုက်မပစ်ရ သတိပေးဆိုင်ဘုတ်များ စိုက်ထူရေးတို့အတွက် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ ကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)