မောင်တော ဇူလိုင် ၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၂၀ ရက်နေ့ ညနေပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်သော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေးကို တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော ခရိုင်/ မြို့ နယ် အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေး ဝန်ထမ်းများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေက အမှာစကားပြောကြားရာတွင် မုန်တိုင်းဘေးကြောင့် လေဘေးသင့် ကျေးရွာများအား နိုင်ငံတော်မှ ထောက်ပံ့ပစ္စည်း ပေးအပ်ရာတွင် ပေးအပ်သည့် စာရင်း ဇယားများ မှန်ကန်အောင် စနစ်တကျရေးသွင်းထားစေလိုကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်း ဆက်သွယ်ရေးနှင့် ရေကောင်းရေသန့်များ ရရှိစေရေးအတွက် နိုင်ငံတော်မှ ပံ့ပို့ပေးနိုင်မည့် အခြေ အနေများအား ရှင်းလင်းတင်ပြကြစေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက မုန်တိုင်းဘေး ကြောင့်လေဘေးသင့် ကျေးရွာများတွင် ကျွဲ၊ နွား တိရိစ္ဆာန်များ သေဆုံးခဲ့မှုများကြောင့် ထွန်စက်များဖြင့် လယ်ယာမြေများ ထွန်ယက်နေမှုများ၊ မိုးစပါးများ ပျိုးထောင် ထားရှိမှုနှင့် မြေပြုပြင်ထွန်ယက်နေသည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများက မိမိတို့ကျေးရွာများအတွင်း နိုင်ငံ တော်မှ ထောက်ပံ့ပစ္စည်းများလက်ခံရရှိမှုနှင့် ကဏ္ဍအလိုက် သက်ဆိုင်ရာတာဝန်ရှိသူများက ကူညီ ဆောင်ရွက် ပေးနေမှုများအား အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေက လိုအပ်သည်များအား တာဝန်ရှိသူများနှင့် အတူ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ရောက်ရှိနေသော ဗိုလ်မှူးချုပ်တင်ဆွေ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦး၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် ရပ်ကျေးစာရေးဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန် ခရိုင်(ပြန်/ဆက်)