သံဖြူဇရပ် ဇူလိုင် ၂၂
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ 66KV သံဖြူဇရပ်-ရေးဓာတ်အားလိုင်း၊ သံ ဖြူဇရပ်မြို့နယ်အတွင်း တာဝါတိုင်ဖြတ်သန်းတည်ဆောက်မှုကြောင့် ပျက်စီးဆုံးရှုံးသွားသော နှစ်ရှည်သီးနှံပင်များနှင့်သီးပင်စားပင်များအား ဒုတိယအကြိမ် (ဒုတိယအသုတ်) လျော်ကြေးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က သီးနှံလျော်ကြေးငွေ ပေးအပ်ရခြင်းအကြောင်းအရာများကို ရှင်းလင်းပြောကြားပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနက တာဝန်ရှိသူများမှ တာဝါတိုင်ဖြတ်သန်းတည်ဆောက်မှုနှင့် မလွတ်ကင်းသည့် ကော့လေးကျေးရွာ၊ ထင်းရှူးကျေးရွာ၊ ကျောင်းရွာကျေးရွာနှင့် အနင်းကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးအဖွဲ့များနှင့် တောင်သူ(၇၇)ဦးတို့၏ လက်ဝယ်အရောက် သီးနှံလျော်ကြေးငွေစုစုပေါင်းကျပ် ၆၉,၃၅၇,၃၉၉ အားပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)