သရက် ဇူလိုင် ၂၂
မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်အတွင်း စိမ်းလန်းစိုပြေပြီး သစ်တောဖုံးလွှမ်းမှု ပြန်လည် ကောင်းမွန်လာစေရေး၊ ရာသီဥတု ပြောင်းလဲမှုများကို လျှော့ချနိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များ ပြန်လည်ကောင်းမွန်လာစေရန်အတွက် စုပေါင်းတမာပင် စိုက်ပျိုးပွဲတော် စိုက်ပျိုးခြင်းကို ယနေ့နံနက်(၈)နာရီက တံတားချည်းကပ်လမ်းအနီး၊ စမ်းအိုင့်ကျေးရွာအုပ်စု၊ စမ်းအိုင့်ကျေးရွာတွင် စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
အဆိုပါ တမာပင်စိုက်ပျိုးပွဲတော်သို့ ကပစ(၁၂) တပ်နယ်မှူးနှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက တမာပင်များစိုက်ပျိုးပေးခဲ့ပြီး ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တက်ရောက်၍ တပျော်တပါး တမာပင်(၃၅၀)ပင် စိုက်ပျိုးနေမှုကိုခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)