မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်၏ နှစ်(၇၀)ပြည့်အထိမ်းအမှတ် ရိုးရာခြင်းလုံးအလှခတ်ပွဲတော် ကျင်းပ

မန္တလေး ဇူလိုင် ၂၂

မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်နှင့် မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်းကျင်းပပြုလုပ်သည့်အဖွဲ့ချုပ် နှစ်(၇၀)ပြည့်အထိမ်းအမှတ် ရိုးရာခြင်းလုံး အလှခတ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီ မန္တလာသီရိအားကစားကွင်းရှိ Multipurpose Stadium ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက်  မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ် နာယက ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး (ငြိမ်း) ဦးစိုးတင့်က နှစ်(၇၀)ပြည့်ခြင်းလုံးပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ဥက္ကဋ္ဌ ဦးသက်လွင်က ကျေးဇူးတင်စကားပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ခြင်းလုံးအားကစားအဖွဲ့များအား လိုက်လံနှုတ်ဆက်ပြီး ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ တက်ရောက်လာသော မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အသက်(၇၀)နှစ်အထက် ရိုးရာခြင်းလုံးပညာရှင်များအား အမှတ်တရလက်ဆောင်များကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)