နမ့်စန်(တ) ဇူလိုင် ၂၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ကလပ်ပေါင်းစုံ အမှတ်ပေး ဖူဆယ်ဖိတ်ခေါ်ဖလား ELEVEN OPEN CUP(2023) ပြိုင်ပွဲ နောက်ဆုံး ပွဲစဉ်နှင့် ဆုပေးပွဲ အခမ်းအနား ကို ယမန်နေ့ ညနေ ၄ နာရီက ဝမ်ပုံကျေးရွာအုပ်စု၊ ထင်းရှူးမြိုင်ကျေးရွာရှိ ELEVEN FUTSAL ကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲနောက်ဆုံးပွဲစဉ်အဖြစ် ROYAL STAR ဖူဆယ်အသင်းနှင့် QUARTER-5 ဖူဆယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ရာ Royal Star ဖူဆယ်အသင်းက အနိုင်ရခဲ့သည်။
ဆက်လက်၍ ညနေ ၆ နာရီတွင် ဆုပေးပွဲကို ကျင်းပခဲ့ရာ ပွဲစဉ် ၁၃ ပွဲ တွင် ရှုံးပွဲမရှိ ရမှတ် (၃၉)မှတ်ဖြင့် ပထမဆုရရှိခဲ့သည့် ROYAL STAR ဖူဆယ်အသင်းကို မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးက ဆုဖလားနှင့် ဆုငွေ ၃ သိန်းကျပ်ကို ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ရမှတ်(၃၄)မှတ်ဖြင့် ဒုတိယရရှိခဲ့သော ZWE SPORT ဖူဆယ်အသင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးဇေယျာဟန်က ဆုငွေ ၁ သိန်းခွဲကျပ် နှင့် မြို့နယ်အား/ကာ ကော်မတီမှ ဦးစန်းယုဆွေက ဆုဖလား အသီးသီးချီးမြှင့်ပေးခဲ့သည်။
ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူး ဦးအောင်ကိုကို၊ ELEVEN ဖူဆယ်ကွင်းပိုင်ရှင် ဦးစိုင်းလူနှင့် တာဝန်ရှိသူများက တတိယ ဆုရရှိသော Bo Pyae ဖူဆယ် အသင်း၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမားဆု၊ ဂိုးအကောင်းဆုံးဆုနှင့် အတိုး တက်ဆုံး ကစားသမားဆုတို့ကို အသီးသီးချီးမြှင့်ပေးခဲ့ပြီး ပွဲစဉ်တစ်လျှောက် ကူညီ ဆောင်ရွက်ပေးခဲ့ကြသည့် ဒိုင်လူကြီးများကို ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့သည်။
အဆိုပါ အမှတ်ပေးဖူဆယ်ဖိတ်ခေါ်ဖလား ELEVEN OPEN CUP(2023) ပြိုင်ပွဲကို ဇူလိုင်လ ၈ ရက်မှ စတင်ကျင်းပခဲ့ပြီး နမ့်စန်မြို့နယ်အတွင်းမှ ပြိုင်ပွဲဝင်ဖူဆယ် အသင်း (၁၄)သင်း ပါဝင် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)