အောင်လံမြို့၌ ဌာနဆိုင်ရာများ၏ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲကျင်းပ

အောင်လံ ဇူလိုင် ၂၂

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ်၌ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများစုပေါင်း၍ ပထမအကြိမ် ဝါဆိုသင်္ကန်းကပ်လှူပွဲကို ယနေ့နံနက် ၇ နာရီက စမ်းချောင်းရပ်ကွက် တာဝတိံသာကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ် ရွတ်ဆို၍ဖွင့်လှစ်ပြီး ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ဝိသုတ ထံမှငါးပါးသီလခံယူ၍ ဆရာတော်အရှင်သူမြတ်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းနှင့် ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များနှင့် ဝန်ထမ်းများက သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းရာ လှူဒါန်းမှုစုစုပေါင်းငွေကျပ် ၂,၈၅၅,၀၀ဝိ/- ခန့်ဖြစ်သည်။ ဆက်လက်၍ ဆရာတော်သံဃာတော်များက မေတ္တာသုတ်ပရိတ်တရား တော်ရွတ်ဖတ်ပူဇော်၍ လှူဒါန်းမှုအ စုစုအား ဧည့်ပရိတ်သတ်များနှင့် နတ်လူသာဓုခေါ်ဆို၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဝိသုတထံမှ လှူဒါန်းမှု အစုစုအတွက် ဝေနေယျသတ္တဝါများ သာဓုခေါ်ဆိုနိုင်ရန် ရေစက်ချတရားနာယူ အမျှဝေခဲ့ကြပြီး အခမ်းအနားအား ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်များက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ်ရွတ်ဆို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မျိုးသိန်း(ပြန်/ဆက်)