မိုင်းပျဉ်း ဇူလိုင် ၂၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ သတိပြုကာကွယ် သွေးလွန်တုပ်ကွေး အန္တရာယ်အကြောင်း အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သတိပြုကာကွယ် သွေးလွန်တုတ်ကွေးအန္တရာယ်အကြောင်း အသိပညာပေး Talk Show ဆောင်ရွက်ရာတွင် မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်း ၍ မိုင်းပျဉ်းမြို့နယ်၊ ကျန်းမာရေးဝန်ကြီးဌာန၊ ငှက်ဖျားဌာနမှ တာဝန်ခံ ဦးကိုကိုဦးက သွေးလွန် တုပ်ကွေး ရောဂါအကြောင်း၊ သွေးလွန်တုပ်ကွေးရောဂါ လက္ခဏာများအကြောင်း၊ သွေးလွန်တုပ်ကွေးကြောင့် ဖြစ်သည့် သွေးလန့်သည့် လက္ခဏာများအကြောင်း၊ ခြင်ကျား၊ ပိုးလောက် လမ်းများ ပေါက်ဖွားနိုင်သည့် နေရာများနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ဖြစ်သည့် (ဖုံး၊ သွန်၊ လဲ၊ စစ်) အကြောင်းတို့ကို အကျယ်တဝင့် ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ သတိပြုကာကွယ် သွေးလွန်တုပ်ကွေးအန္တရာယ်အကြောင်း အသိပညာပေး (Talk Show) အစီအစဉ်ကို မိုင်းပျဉ်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ရိုက်ကူး ဆောင်ရွက်ခြင်းဖြစ်ပြီး ဌာန၏လူမှုကွန်ယက်စာမျက်နှာတွင် လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)