“အနုညာတခုံသမာဓိသင်တန်းအပတ်စဉ်-၃” သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်
Jul 26,2023
မြန်မာအနုညာတစီရင်ဆုံးဖြတ်ခြင်းဗဟိုဌာန- Myanmar Arbitration Centre- MAC သည် အနုညာတစီရင်ဆုံး ဖြတ်ခြင်း ဥပဒေပါအတိုင်း သိရှိလိုက်နာဆောင်ရွက်နိုင်ရေးနှင့် ခုံသမာဓိ (Arbitrator)များ ပေါ်ထွက်လာစေရေးတို့အတွက် သင်တန်းများဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ယမန်နေ့တွင် အတွင်းဝန်ရုံး (ယခင်ဝန်ကြီးများရုံး)၌ “အနုညာခုံသမာဓိသင်တန်းအပတ်စဉ်-၃” သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။