ညောင်ဦးမြို့နယ်၌ အဌမအကြိမ်မြောက် ခရိုင်အဆင့်ဌာနဆိုင်ရာများမှ လှူဖွယ်ပစ္စည်းနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်း

ညောင်ဦး ဇူလိုင် ၂၆

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများက ညောင်ဦးခရိုင်အတွင်း သီတင်းသုံးနေထိုင်လျှက်ရှိသည့် သံပျင်မင်းသမီးသီလရှင်စာသင်တိုက်နှင့် ဓမ္မဝတီ သီလရှင်စာသင်တိုက်တို့တွင် စာသင်စာချ သာသနာနွယ်ဝင် သီလရှင် ဆရာကြီး ဆရာလေးများ ဆွမ်း၊ ကွမ်း ဝေယျာဝစ္စ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် လှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေများ ဆက်ကပ်လှူဒါန်းခြင်းကို ဇူလိုင် ၂၆ ရက်၊ နံနက် ၉နာ ရီအချိန်က ဓမ္မဝတီစာသင်တိုက်ရှိ သုဓမ္မဓမ္မာရုံတွင် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

လှူဖွယ်ပစ္စည်းနှင့် ဝတ္တုငွေဆက်ကပ်လှူဒါန်းပွဲတွင် နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ကာ ဇေယျဝတီစာသင်တိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအရိယ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။ ပြီးနောက် ဘဒ္ဒန္တအရိယ အရှင်သူမြတ်နှင့် ဆရာကြီး၊ ဆရာလေးများထံက ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးလွင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာများ၊ ညောင်ဦးခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်ထွေးထွေးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက် ရေးအသင်းမှ အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာ အဖွဲ့ဝင်များမှ သံပျင်မင်းသမီး သီလရှင်ကျောင်းနှင့် ဓမ္မဝတီသီလရှင်ကျောင်းတိုက်သို့ လှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေများ ဆက်ကပ် လှူဒါန်းကြသည်။ ပြီးနောက် ဇေယျဝတီစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တအရိယ အရှင်သူမြတ်ထံမှ အနုမောဒနာတရားနာယူ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေးကြကာ လှူဖွယ်ပစ္စည်းများနှင့် ဝတ္တုငွေဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအအနား အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဒီပါလင်း