တောင်သာမြို့နယ်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် သမဝါယမကဏ္ဍမှ မိုးစပါးစိုက်ပျိုးရေး လုပ်ငန်းအတွက် သွင်းအားစုများ ပံ့ပိုးပေးအပ်ခြင်း

တောင်သာ ဇူလိုင် ၂၆

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ မိုးစပါးစိုက်ပျိုးရေး စီမံကိန်းတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ဇူလိုင်လ ၂၅ရက်နေ့က တောင်သာ မြို့နယ်၊ ဆင်ဖြူကျေးရွာ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ဦးဟန်သူရက အမှာစကားပြောကြားပြီး သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာခင်က ချေးငွေကိစ္စနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်၊ မိုးစပါးစိုက်ပျိုးရေးစီမံကိန်းတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးစီမံကိန်း ရန်ပုံငွေမှ သမဝါယမ ကဏ္ဍအနေဖြင့် ဆင်ဖြူကျေးရွာရှိ အသင်းသားတောင်သူ (၂၅) ဦး၏ မိုးစပါး စိုက်ဧက (၁ဝ၅) ဧက အတွက် တစ်ဧကလျှင် ကျပ်နှစ်သိန်းနှုန်းနှင့်ညီမျှသော သွင်းအားစုများဖြစ်သည့် စမ်းဝတီ သဘာဝမြေဩဇာ၊ ပုလဲဓါတ်မြေဩဇာများကို မိုးစပါးစိုက် သမဝါယမ အသင်းသား တောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်