ကြံခင်း ဇူလိုင် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင်မေတ္တာရှေ့ဆောင်လူမှုရေးအဖွဲ့မှ ကန်ကလေးတောရဓမ္မရိပ်သာအတွင်း သီလဆောက်တည်သီတင်းသုံးနေသော သီလရှင်ဆရာကြီး၊ ဆရာလေး (၅၇) ပါးနှင့် ယောဂီများအား ဆွမ်းဆန်များနှင့် ဝထ္ထုငွေလှူဒါန်းခြင်းကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းတိုက်အတွင်း သွားရောက်လှူဒါန်းကြောင်း သိရသည်။
အဆိုပါလှူဒါန်းမှုအား မေတ္တာရှေ့ဆောင်လူမှုရေးအဖွဲ့ဝင်တစ်ဦးက "ဝါတွင်းကာလတွင် သီလရှင်ဆရာကြီး၊ ဆရာလေးများဆွမ်းအခက်အခဲမရှိစေရန် ဆွမ်းဆန်အစရှိသော လှူဖွယ်ဝထ္ထုများအား ဆက်ကပ်လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် သီလဆောက်တည်နေကြသော ယောဂီများကိုလည်း ကုသိုလ်ယူလှူဒါန်းပေးတာဖြစ်ပါတယ်၊ ကျွန်မတို့မေတ္တာရှေ့ဆောင် လူမှုရေးအဖွဲ့ဝင်များစုပေါင်းပြီး ယနေ့မှာဆင်းရဲနွမ်းပါးမိသားစုများကိုလည်း အခြေခံစားသောက်ကုန်းများ လှူဒါန်းပေးမှာဖြစ်ကြောင်း" ပြောပြချက်အား သိရသည်။
ထိုသို့လှူဒါန်းရာတွင် သီလရှင်ဆရာလေးနှင့် ယောဂီများအားဆန်တစ်ပြည်၊ ဖူဂျီတစ်ဗူး၊ အချိုမှုန့်ထုပ်နှင့်ဝထ္ထုငွေ (၅၀၀၀) ကျပ်အားလှူဒါန်းပေးပြီး၊ မေတ္တာရှေ့ဆောင် လူမှုရေးအဖွဲ့ဝင်များက ကျွန်းစုကျေးရွာနေ ဆင်းရဲနွမ်းပါးမိသားစုများနှင့် အနှေးယာဉ်ဆိုက္ကားများကို အခြေခံစားသောက်ကုန်များလှူဒါန်းပေးခဲ့ရာ စုစုပေါင်း ငွေကျပ် (၇၁၃၄၀ဝိ/) ဖိုးလှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)