လိပ်သိုမြို့၌ အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်

လိပ်သို ဇူလိုင် ၂၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မြို့ပေါ်/ရပ်ကွက်များရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား နိုင်ငံတော်မှထောက်ပံ့ပေးအပ်သော လူမှုရေးပင်စင် ထောက်ပံ့ငွေများအား ယမန်နေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးရာတွင် နိုင်ငံတော်မှထောက်ပံ့သည့် လူမှုရေးပင်စင်ငွေ တစ်လလျှင် (၁၀၀၀ဝိ/-) ကျပ်နှုန်းဖြင့် ဧပြီ၊ မေ၊ ဇွန်လ (၃) လစာအတွက် (၃၀၀၀ဝိ/-) ကျပ်ဆီကို   မြို့ပေါ်/ရပ်ကွက်၊ကျေးရွာအုပ်စုများရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား (၄၆)ဦးတို့အား တစ်ဦးလျှင် ငွေကျပ်သုံးသောင်းစီကို တာဝန်ရှိသူတို့က အိမ်အရာက်လိုက်လံ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ခင်လေးနွယ်(လိပ်သို)