မိုင်းစံမြို့တွင် မိုးစပါးစိုက်ပျိုးခြင်း ဆောင်ရွက်

မိုင်းစံ ဇူလိုင်၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့တွင် မိုးစပါးစိုက်ပျိုးခြင်းကို ယနေ့နံနက်(၇)နာရီအချိန်က ရပ်ကွက်-၃ ကျေးရွာအုပ်စုတွင် စိုက်ပျိုးခဲ့ကြောင်း သိရသည်။

လယ်ယာမြေတစ်ချို့မှာ စိုက်ပျိုးပြီးစီးနေပြီဖြစ်နေသော်လည်း တစ်ချို့တောင်သူများ၏ လယ်ယာမြေများမှာ စိုက်ပျိုးနေဆဲဖြစ်ပြီး စိုက်ပျိုးရန် ကျန်ရှိသော လယ်ယာမြေအနည်းငယ်သာ ရှိတော့ကြောင်း သိရသည်၊၊

တောင်သူအများစုမှာ ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို ပိုင်ဆိုင်သုံးစွဲနိုင်ခြင်းမရှိသေးသဖြင့် ဌားရမ်းသုံးစွဲနေရ၍ အချိန်ကြန့်ကြာခြင်း၊ တောင်ပေါ်ဒေသလယ်ယာမြေဖြစ်သောကြောင့် မြေပြန့်လယ်မြေများကဲ့သို့ မြန်မြန်ဆန်ဆန် ထွန်ယက်လုပ်ကိုင်နိုင်ခြင်းမရှိသောကြောင့် မိုးရေလုံလောက်စွာရရှိသော်လည်း စိုက်ပျိုးမှု နှောင့်နှေးရခြင်းဖြစ်ကြောင်း သိရသည်၊၊

ထိုသို့ မိုးစပါးစံကွက်စိုက်ပျိုးရာတွင် မြို့စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးရေးဦးစီးမှူး ဦးစိုင်းစံယုံမှ ကျေးရွာအုပ်စုရှိ မိုးစပါးစံကွက်စိုက်ခင်းတောင်သူ ဦးရာစိန် လုပ်ကိုင်ခွင့်ရရှိထားသော လယ်မြေ(၂)ဧကခွဲအား  မိုးစပါး စိုက်ပျိုးခဲ့ကြောင်း သိရသည်။

မိုင်းစံ(ပြန်/ဆက်)