နတ်မောက် ဇူလိုင် ၂၆
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်၊ မြို့မကွက်သစ်ရပ်ကွက်ရှိ ရှင်အရဟံလမ်း ကွန်ကရစ် လမ်းအရှည်ပေ (၆၉၀)ပေအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ခံ အင်ဂျင်နီယာမှ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ရှင်အရဟံလမ်းကွန်ကရစ်ခင်းခြင်းတွင် အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မ ဖြစ်ပြီး လမ်းအရှည် ၆၉၀ ပေအား တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေပစ္စည်းတင်ဒါဖြင့် ကုန်ကျငွေကျပ်သန်း (၃၀.၀၀) ဖြင့် ဆောင်ရွက်လျက်ရှိရာ ပြီးစီးမှုရာခိုင်နှုန်း (၈၀)ရှိပြီဖြစ်၍ ကွန်ကရစ်လမ်းခင်းရာတွင် အချိန်မီပြီးစီးရေး၊ လုပ်ငန်း အရည်အသွေးပြည့်မှီရေးအတွက် တာဝန်ခံအင်ဂျင်နီယာမှ ကြည့်ရှုစစ်ဆေးခဲ့ရာ လမ်းတည်ဆောက်ရေး တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာက လုပ်ငန်းဆောင်ရွက်နေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
လှဝင်း