သတင်းများ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ ငါးဘတ်ချောင်း ကျေးရွာအုပ်စုရှိ သီရိမင်္ဂလာမဟာစည်ရိပ်သာ ဆရာတော်အား သင်္ကန်း၊ နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းခြင်း၊ ဆင်းသုခမျိုးသန့်စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးပြီး တောင်သူများနှင့်တွေ့ဆုံ
Jul 21,2025
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဝန်ကြီးများသည် သာပေါင်းမြို့နယ်၊ငါးဘတ်ချောင်း ကျေးရွာအုပ်စုတွင် ယနေ့ဇူလိုင်လ ၂၀ ရက်နေ့၊နံနက် ၁၀ နာရီခွဲအချိန်က သီရိမင်္ဂလာ မဟာစည်ရိပ်သာ ဆရာတော်အားသင်္ကန်း၊ နဝကမ္မအလှူငွေ ဆက်ကပ်လှူဒါန်းပြီး၊မရမ်းကုန်းကျေးရွာ၌ ဆင်းသုခမျိုးသန့် (၅) ဧက စိုက်ပျိုးနေမှု၊လယ်တီကြီးကျေးရွာ၌ နယူးဧရာ-၁၁ (၃) ဧက၊ ရိုးဝကျေးရွာ၌ နယူးဧရာ-၁၁ (၂) ဧက စိုက်မျိုးနေမှုတို့အား ကြည့်ရှုအားပေးပြီး စိုက်ပျိုးရေးရှေ့တန်းစခန်းတွင် တောင်သူများနှင့်တွေ့ဆုံခဲ့ကြသည်။
ကွန်ဟိန်းမြို့၌ မြန်မာအီလက်ထရောနစ် မဲပေးစက်ကိုင်တွယ်အသုံးပြုနည်း ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 21,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှကြီးမှူး၍ ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြန်မာအီလက်ထရောနစ်မဲပေးစက်များကို သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးရှိ မဲရုံဝန်ထမ်းများအနေဖြင့် ကျွမ်းကျင်စွာ ကိုင်တွယ်အသုံးပြုနိုင်ရန်နှင့် ရွေးကောက်ပွဲ၌ မဲပေးခြင်းလုပ်ငန်းများ၊ မဲရေတွက်ခြင်းလုပ်ငန်းများ အောင်မြင်စွာပြီးမြောက်ချောမွေ့နိုင်စေရန်အတွက် (MEVM) မဲပေးစက်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းနှင့် မဲပေးစက်လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းကို ယနေ့နံနက်(၉)နာရီက အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး ဟောပြောပွဲပြုလုပ်
Jul 21,2025
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်း၌ ယနေ့နံနက် ၉ နာရီက ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်သည်။
အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)၌ ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းပ
Jul 21,2025
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
ငဖဲမြို့နယ်တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Jul 21,2025
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်လျှပ်စစ်မှူးရုံးမှ မြို့နယ်လျှပ်စစ်မှူးဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားသောနေရာများတွင် ပြည်သူများလျှပ်စစ်အန္တရာယ်ကင်းရှင်းစေရန် ရည်ရွယ်၍ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို ယနေ့နံနက် ၈ နာရီ အချိန်က ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား UIDကွင်းဆင်း ဆောင်ရွက်‌ပေး
Jul 21,2025
“လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်ဦးစီးမှူးရုံးမှ အိမ်ထောင်စုလူဦး‌ရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID စာရင်းကောက်ယူခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်‌ပေးလျက်ရှိရာ ယနေ့နံနက်က နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား မြန်မာ့စီးပွားရေးဘဏ်၌ UID ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မိုးနဲမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)စက်များ တပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်
Jul 21,2025
မြန်မာအီလက်ထရောနစ်မဲပေးစက် (Myanmar Electronic Voting Machine – MEVM) စက်များတပ်ဆင်ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲနှင့် မဲပေးစက် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ် အခြေခံပညာအထက်တန်းကျောင်း ပုလဲဆောင်ခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများနှင့် တာတမံများကြည့်ရှုစစ်ဆေး
Jul 21,2025
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်အတွင်း ရေဘေးကာကွယ်ရေးလုပ်ငန်းများနှင့် တာတမံများကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာတာဝန်ရှိသူများအား လိုအပ်သည်များကို မှာကြားခဲ့သည်။