ရေနံချောင်း ဇူလိုင် ၂၁
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က မြို့နယ်ပြည်သူ့အားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း) ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဝင်းစန္ဒာက အားကစားပြိုင်ပွဲများ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက စပေးဘောလုံးကန်ပေးပြီး ကျောင်းအုပ်ကြီးဖလား မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲကို ဖွင့်လှစ်ပေးရာ EP အသင်းနှင့် Civil အသင်းတို့ စတင်ယှဉ်ပြိုင်ကစားသည်။
အဆိုပါဘောလုံးပြိုင်ပွဲတွင် အစိုးရစက်မှုလက်မှုသိပ္ပံ(ရေနံချောင်း)ကျောင်း မေဂျာပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်းလေးသင်းက ပတ်လည်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ဇူလိုင် ၂၇ ရက်နေ့တွင် ဗိုလ်လုပွဲဆက်လက်ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ထို့ပြင် အမျိုးသား၊ အမျိုးသမီး ဘောလီဘောပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲ၊ ကြက်တောင်ရိုက်ပြိုင်ပွဲနှင့် စားပွဲတင်တင်းနစ်ပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)